နွေးမိုးဆောင်း ဥတုရာသီတစ်လှည့်ဆီပြောင်းပြီးသကာလ ... အဲရစ်တို့တောင် အထက်တန်း၊ နောက်ဆုံးနှစ်ကျောင်းသားကြီးတွေဖြစ်နေကြပြီ။
ဖွင့်ထားတဲ့အခန်းပြတင်းပေါက်ကနေ တစွန်းတစတိုးဝင်လာနေတဲ့နေရောင်ခြည်နဲ့၊ နံနက်ခင်းအလှကို အတန်ကြာအောင်ကြည့်နေပြီးမှ၊ ကျောပိုးအိတ်ကိုလွယ်ကာ အောက်ထပ်သို့ဆင်းလာလိုက်သည်။
"ဂျက်ခ်ရေ ခပ်မြန်မြန်ဟေ့..."
"အေး လာပြီကွ"
"ထမင်းဘူးတွေရပြီ"
"ကျေးဇူး ဂျိမ်းစ်"
ယခုနှစ်ဆိုလျှင် ဂျိမ်းစ်သည်လဲ အသက်ဆယ့်ခြောက်နှစ်ပြည့်ပြီးပြီဖြစ်တဲ့ Grade 11 ကျောင်းသားတစ်ယောက်တောင် ဖြစ်လို့နေပြီ။ သိသိသာသာ အရပ်ရှည်ထွက်လာတဲ့ ကောင်လေးဟာ သူတို့နဲ့တူညီတဲ့ Uniform ဝတ်စုံကိုပဲ၊ အဖြူရောင်ရှပ်လက်ရှည်ပေါ်မှာ နီညိုရောင်နက်ခ်တိုင်ကိုတပ်ဆင်ထားလို့၊ အနက်ရောင်ဘောင်းဘီရှည်ကိုဝတ်ဆင်ထားလေတယ်။
"မြန်မြန်လာစမ်းပါ ဆံနီကောင်ရာ...မင်းလုပ်တာနဲ့ ကျောင်းနောက်ကျတော့မယ်"
အခုမှ အခန်းထဲကနေ ကပျာကယာထွက်လာတဲ့ ဂျက်ခ်ကိုကြည့်ပြီးတော့ ပြောဆိုဖို့ကိုလဲ မမေ့စေရဘူး။ အဲရစ် သတိထားမိနေတယ်။ အခုနောက်ပိုင်း ဂျက်ခ်ဟာ အသားကုန်ကိုပြင်ဆင်လာသလိုပဲ။ ယခုလဲကြည့်! အနီရောင်ဆံပင်ကို ကျကျနနဂျယ်လ်လိမ်းကာဖြင့် ဘေးခွဲထားလေရဲ့။
အဲရစ်ကတော့လား...
ခေါင်းဖြီးစရာ မလိုသော လှိုင်းတွန့်အနည်းငယ်ပါတဲ့ မွေးရာပါဆံပင်ကိုပိုင်ဆိုင်ထားရလို့၊ မမြင်ဖူးတဲ့မွေးမိခင်ကိုပဲ ကျေးဇူးတင်ရတော့မည်ထင်တယ်။ တကယ်လဲ အဲရစ်အတွက် ပြင်ဆင်စရာဘာမှမလိုဘူး။ အိပ်ရာကနိုး၊ မျက်နှာသစ်ပြီး ဆံပင်ကို ဟိုဒီတစ်ချက်သပ်ပြီးတာနှင့် ယူနီဖောင်းလဲကာ အောက်ထပ်သို့ဆင်းလာခဲ့ခြင်းသာရှိတယ်။
"ရောက်ပြီဟေ့ ရောက်ပြီ"
"သွားရအောင် ဘတ်စ်ကားမမှီတော့ဘဲနေမယ်"
အစောကြီးထတတ်တဲ့ဂျိမ်းစ်က ပြင်ဆင်ထားပေးသောထမင်းဘူးကိုဆွဲလို့၊ နှစ်ယောက်သားစကားများမနေတော့ဘဲ ဂျိမ်းစ်နောက်သာ လိုက်သွားကြတော့သည်။

YOU ARE READING
𝙴𝙻𝚈𝚂𝙸𝚄𝙼 (hiatus)
Romance"Where do you wanna live the most?" He asked. "A place where you are..." I whispered, staring at him. Then, I felt him grin. <<Elysium : မင်းရှိတဲ့နေရာက Paradise>> *MAIN COUPLE: The Crown Prince & his bodyguard Alexandros Patrick Edison...