14 - The Mystery

245 14 8
                                    

တစ်စစ်စစ်နဲ့ နာလိုက်တာ...

သူဘယ်ရောက်နေတာလဲ?
ဘာလို့ဒီလောက်တောင်အေးနေတာလဲ?

ဦးနှောက်ကသာ တရစပ်တွေးနေပေမဲ့ လေးလံနေတဲ့မျက်ဝန်းတွေကို မဖွင့်နိုင်သေးဘူး။ အဲရစ် တစ်ကိုယ်လုံးက ကိုင်ရိုက်ထားသလိုပဲ နေရာအနှံ့နာကျင်နေတယ်။ အထူးသဖြင့် ပခုံးတစ်ဝိုက်က အရမ်းနာတယ်။ စဥ်းစားနေတုန်းရုတ်တရက် နွေးထွေးမှုလေးတစ်ခုက ပခုံးပေါ်သို့ဖြတ်ပြေးသွားတယ်။

ဘယ်သူလဲ? အာငွေ့ပေးနေတာ ?

ထိုင်းမှိုင်းနေတဲ့မျက်ဝန်းတွေကို အားတင်းပြီးဖွင့်ကြည့်လိုက်သည်။ ထိုမှ အဲရစ်ရဲ့ညာဘက်ပခုံးထက်မှာမျက်နှာအပ်ထားတဲ့ လူတစ်ယောက်ကိုတွေ့လိုက်ရတယ်။

"James...???"

သူ့ခေါ်သံကိုကြားလိုက်လို့ထင်ပါရဲ့။ ဂျိမ်းစ်ဟာ ခေါင်းမော့ကြည့်လာတယ်။ တော်သေးတာပေါ့...ညကတွေ့လိုက်ရတာ တကယ်ကြီးကို ဂျိမ်းစ်ဖြစ်နေတာပဲ။

နှုတ်ခမ်းထက်မှာ သွေးစတစ်ချို့ကခိုတွဲလို့၊ ဘေးဘက်သို့ထွေးထုတ်လိုက်ပြီးနောက် ဂျိမ်းစ်က ဤသို့ပြန်ဖြေလာသည်။

"အင်း"

"ဘယ်... ဘယ်အချိန်ရှိပြီလဲ?"

အအေးဓာတ်နဲ့တုန်ယင်နေတဲ့ အဲရစ်ရဲ့အသံဟာ အနည်းငယ်ထစ်အနေတယ်။

"သုံးနာရီလောက်ရှိပြီ"

သူ့ရဲ့နောက်ကျောဘက်မှာရှိနေတဲ့ ဂျိမ်းစ်ကိုလှည့်ကြည့်ဖို့ပြင်လိုက်ပေမဲ့၊ ပခုံးနှစ်ဖက်လုံးကိုတင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ခြင်းခံလိုက်ရသည်။ ထို့နောက် ကြားလိုက်ရတာက...

"ငြိမ်ငြိမ်နေ"

"...."

တစ်ဖန် ညာဘက်ပခုံးထက်ပေါ်က ပူနွေးမှုလေးကိုခံစားလိုက်ရတယ်။ နောက်ထပ်သုံးလေးကြိမ်လောက် သွေးပုပ်တွေကိုစုပ်လိုက်၊ ထွေးထုတ်လိုက်နဲ့လုပ်နေပြီးမှ ဂျိမ်းစ်တစ်ယောက် လုပ်ရမှာတွေပြီးဆုံးသွားတဲ့ပုံပဲ။ အခုမှ သူ့ဘက်သို့လှည့်ကြည့်လာတော့တယ်။

"ရူးနေတာလား ဟမ်! ညကြီးမိုးချုပ် တောထဲလိုက်လာရအောင်..."

ဒဏ်ရာပေါ်သို့ ဆေးမှုန့်တစ်ချို့ကိုသိပ်ထည့်နေရင်းမှ ဂျိမ်းစ်က ထိုသို့ကြိမ်းမောင်းလာသည်။ ခပ်အေးအေး​နေတတ်တဲ့ ဂျိမ်းစ်ကောင်လေးထံမှ မကြုံစဖူး ကြားလိုက်ရတဲ့ဆူပူသံကြောင့်၊ ဖြူဖျော့နေတဲ့နှုတ်ခမ်းထက် နှစ်ခြိုက်ပြုံးတစ်ခုကထွက်ပေါ်လာရသည်။

𝙴𝙻𝚈𝚂𝙸𝚄𝙼 (hiatus)Where stories live. Discover now