15 - The Necklace

211 14 2
                                    

"ဘယ်လိုလဲ"

"အင်း လမ်းစက ဒီမှာတင်ရပ်သွားပြီ"

"သူတို့အဆင်ပြေပါ့မလား ဟမ်။ လာကူဖို့ ငါပြောလိုက်.... "

"ဟေ့ ရိန်း ဒီကိုလာကြည့်...!!!"

မာမွတ်စ်ရဲ့ခေါ်သံကြောင့် ပြောလက်စ,စကားကိုရပ်လိုက်ကာ ထိုနေရာသို့သွားလိုက်သည်။

"ဒီမှာ တွေ့လား? စိတ်မပူနဲ့တော့ ရိန်း! ငါ ပြောခဲ့တယ်မလား။ ငါတို့ကောင်လေးတွေက အဲလောက်ထိ စိုးရိမ်စရာမလိုပါဘူးလို့"

ကြီးမားတဲ့သစ်ပင်ကြီးတစ်ခုရဲ့ပင်စည်မှာထွင်းထားတဲ့ အမှတ်အသားကိုမြင်တော့မှ၊ ရိန်းတစ်ယောက် သက်ပြင်းမောကိုချကာ ခေါင်းညိတ်မိတော့သည်။

"အင်း တော်သေးတာပေါ့"

"ကဲ ဒါဆို ငါတို့စခန်းမှာပဲ ပြန်စောင့်ကြတာပေါ့။ ဒီ့ထက်တောနက်ထဲထိသွားရင် မလိုလားအပ်တဲ့အန္တာရယ်တွေ ကြုံနေရအုံးမယ်"

ခြုံပုတ်များနဲ့ အုပ်ဆိုင်းနေတဲ့ရှေ့တူရူကို လှမ်းကြည့်လိုက်ရင်း ခပ်လေးလေးခေါင်းညိတ်ပြလိုက်တယ်။

အဲကောင်လေးတွေ တကယ်ပဲအဆင်ပြေပါ့မလား။ တစ်ခုခုသာ ဖြစ်သွားခဲ့လျှင်...?

နိုး.... အဲလိုတော့ ဖြစ်နိုင်ချေမရှိဘူး။
အခုမြင်နေတဲ့ သင်္ကေတအရ ...ဒါဟာ သူတို့တွေလုံလုံခြုံခြုံရှိနေတယ်ဆိုတာကို ဖော်ပြနေသည်။ ဒီသင်္ကေတတွေနဲ့ပတ်သက်လို့၊ ရိန်းကိုယ်တိုင် လက်ထပ်သင်ပေးထားတာမို့ မသေချာစရာအကြောင်းတော့ မရှိဘူး။ ဒါကြောင့် ဘေးကဂျက်ခ်နဲ့ မာမွတ်စ်ကိုလှမ်းခေါ်လိုက်ကာ..

"စခန်းပြန်ကြမယ်"

"အင်း"

>>>>>>>>>>>>>>>>>

တစ်ဖြောက်ဖြောက်နဲ့ရွာသွန်းနေသောမိုးရေစက်တွေကို ဂူပေါက်ဝကနေငေးကြည့်ရင်း အဲရစ်စိတ်ညစ်နေမိသည်။ အချိန်မဟုတ်အခါမဟုတ်ရွာသောမိုးကြောင့် အိမ်ပြန်ဖို့နှောင့်နှေးကုန်ရပြီ။

"ဟူး...မိုးတော်တော်သည်းနေတာပဲ။ ဒီပုံစံနဲ့ ငါတို့ဘယ်လိုပြန်ကြမလဲ ဂျိမ်းစ်"

𝙴𝙻𝚈𝚂𝙸𝚄𝙼 (hiatus)Where stories live. Discover now