40. Royal Curse

184 7 5
                                    

"ဟျောင့်! ...အဲရစ်...!"

ခေါ်သံကြောင့် နောက်သို့လှည့်ကြည့်လိုက်တော့ အဲရစ်နဲ့အမှတ်စဥ်တူ၊ Royal ကိုယ်ရံတော်ကျောင်းမှ သင်တန်းဆင်းဖြစ်တဲ့ တပ်သား "X"။

X က သူ့နောက်သို့ရောက်လာပြီး ပခုံးပေါ်သို့ သိုင်းဖက်လာကာ...

"မင်း... ဒဏ်ရာတွေ သက်သာသွားပြီလား? ခေါင်းဆောင်ပြောတော့ ဆယ်ရက်ခွင့်ယူထားတယ်ဆို? အခုကော ခေါင်းဆောင်ဆီ လာတာလား? ဘာလာလုပ်တာလဲ?..."

ရှေ့သို့ပြန်လှည့်ရင်းနဲပင်၊ X ရဲ့ မေးခွန်းအထွေထွေကို အဲရစ် ဖြေဖို့ကြိုးစားလိုက်သည်။

"အေး... ခေါင်းဆောင်ကိုပြောစရာရှိလို့..."

"အဲဆိုလဲ လာလေ။ ငါတို့ အတူတူသွားမယ်"

သူတို့နှစ်ယောက် စကားပြောရင်း၊ လမ်းလျှောက်နေကြရင်းနဲ့ပင်...

ရုတ်တရက် သူ့ပခုံးပေါ်မှ X ရဲ့လက်တစ်ဖက်က တင်းကြပ်သွားသည်။ X က ရောက်နေရာမှာပင် ခြေစုံရပ်လို့၊ အံ့သြတကြီးဖြစ်​နေတဲ့လေသံနှင့် လှမ်းပြောလာတာက...

"အမှတ်စဥ်(12) သင်တန်းဆင်း၊ 'S' အဆင့်ရ၊ အနီးကပ် ကိုယ်ရံတော် - တပ်သား E.R.I.C ! "

ရုတ်တရက်ကြီးပင်။ Mission ထမ်းဆောင်ရတဲ့အချိန်တွေမှာခေါ်လေ့ရှိတဲ့ပုံစံမျိုးဖြင့် X က သူ့ကိုပြောလာခဲ့၏။ နံဘေးမှလူကို အဲရစ် မျက်လွှာတစ်ချက်သာ ပင့်ကြည့်လိုက်ရင်း...

"ပြော"

"မင်း...! ကိုယ်ရံတော် ဆွဲပြားကို မဝတ်ထားဘူး...!?"

အဲရစ် မိမိကိုယ်ကို ငုံ့ကြည့်မိတယ်။ ယခု သူက အနက်ရောင်စွပ်ကျယ်လက်ပြတ်နဲ့၊ စစ်ဘောင်းဘီတစ်ထည်ကို ဝတ်ဆင်ထားတယ်။ အနက်ရောင်ချိုင်းပြတ်တီရှပ်က ဖြုဖွေးကာစိုပြေ တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတချို့ကို လှစ်ဟာပြလို့နေတယ်။

မွှေးညင်းစိမ်းလေးများအုပ်ဆိုင်းနေတဲ့ လည်ဂုတ်သားပြင်၊ ပခုံးရိုးနှစ်ဖက်၊ လက်မောင်း၊ လက်ဖျံမှစ သွေးကြောမျှင်များခပ်စိပ်စိပ်ရှိသည့် လက်ချောင်းတစ်ချောင်းချင်းစီ,အထိ။ အနက်ရောင်နဲ့ ဖြုဖွေးတဲ့အသားအရောင်က ပနံသင့်လို့နေရဲ့။

𝙴𝙻𝚈𝚂𝙸𝚄𝙼 (hiatus)Where stories live. Discover now