34 - Crawling on the Wall

192 16 2
                                    

စတီဗင် အိမ်ရှေ့မင်းသားကို သေချာအကဲခတ်ကြည့်လိုက်သည်။ တင်း,တင်းစေ့ထားသောနှုတ်ခမ်းများ၊ တည်ငြိမ်နေတဲ့မျက်ဝန်းအစုံက ဆုံးဖြတ်ချက်ပြတ်သားတဲ့လူမှန်း သိသာလှ၏။

ဒီလိုဆိုမှတော့ သူ ဘာတတ်နိုင်တော့မလဲ!?

"သွေးအစီအရင်လုပ်ဖို့က သိပ်တော့မလွယ်ဘူး။ ငါကိုယ်တိုင်လဲ တစ်ခါမှ မလုပ်ဖူးဘူး။ အင်း... လုပ်ချင်တိုင်းလဲ လုပ်လို့မရပါဘူးလေ။ စိတ်စွမ်းအားကောင်းတဲ့သူလောက်ဘဲ ဒါကို လုပ်လို့ရတာ"

"......"

"ဟိုးရှေးတုန်းက ဗြိတိန်လူမျိုးတွေ ကျင့်သုံးဖူးတယ်ဆိုတဲ့အကြောင်းလောက်ဘဲ စာအုပ်တစ်အုပ်မှာ ဖတ်ခဲ့ဖူးတယ်။ အန္တရာယ် အရမ်းများတယ်။ ဒါတောင် မင်း ဆက်လုပ်မှာလား?"

"......"

တစ်ဖက်လူမှ ခေါင်းတစ်ချက်သာ ညိတ်ပြလာတာကြောင့်...

"လပြည့်နေ့၊ ညဥ့်သန်းခေါင်ယံချိန်မှာ ဝဲဘက်ရင်အုံကနေ နှလုံးသွေးကိုဖောက်ထုတ်။ လတ်လတ်,ဆတ်ဆတ်ကျလာတဲ့သွေးကိုမှ ဖန်ပုလင်းတစ်လုံးထဲထည့်ပြီး အစီအရင်ဂါထာကိုရွတ်။ မိုးသောက်ယံအထိ လပြည့်ကိုကြည့်ပြီး အဲဒီဂါထာကိုရွတ်ဆိုရမယ်"

"ဂါထာက... ?"

"ငါ လတ်တင်,ဘာသာစကားကို မကျွမ်းကျင်လို့ သိပ်မမှတ်မိဘူး။ ဒါပေမဲ့ အဲစာအုပ်ကိုရှာပြီးရင် မင်းကိုပြောပြမယ်"

"ကျေးဇူး စတီဗင်"

"မလိုပါဘူး။ အာ...နေအုံး။ သွေးအစီအရင်လုပ်ဖို့အတွက် အရေးကြီးဆုံးအချက်တွေရှိတယ်"

"?"

"ဂါထာရွတ်ဆိုနေတဲ့ လေးနာရီအတွင်းမှာ မင်း ကာကွယ်ပေးချင်တဲ့လူရဲ့မျက်နှာကို မြင်ယောင်ပြီးရွတ်။ နောက်တစ်ချက်က ဘယ်သူမှ နှောင့်ယှက်လို့မရတာကြောင့် တိတ်ဆိတ်တဲ့နေရာကိုရွေး"

"နားလည်ပြီ"

"မင်း ဘယ်တော့ စလုပ်မှာလဲ?"

"လာမဲ့ လပြည့်ည"

>>>>>>>>>>>>>>>>>>>>>>>

ကောင်းကင်ယံထက် လမင်းကြီးက ဝင်းပစွာထွန်းလင်းတောက်ပနေတဲ့ လပြည့်ညတစ်ည။

𝙴𝙻𝚈𝚂𝙸𝚄𝙼 (hiatus)Where stories live. Discover now