36 - Recovering some memories

243 15 2
                                    

^^
^^
^^

ဟင်းလျာမျိုးစုံ တည်ခင်းထားသော စားပွဲကြီးတစ်ခု။ ပွဲတော်တစ်ခုရှိတဲ့အလားပင် စားပွဲပေါ်မှာ ဟင်းအမျိုးအစားများက စုံလင်လှ၏။

နောက်ဆုံးသောဟင်းလျာကို စားဖိုဆောင်မှ ယူလာတဲ့ အမျိုးသမီးတစ်ယောက်က...

"ဂျက်ခ်! "

"ဟီးဟီး....မာမီ"

"ဟင်းခိုးစားနေတာလား!?"

"မဟုတ်ပါဘူးဗျာ။ ယင်မနားရအောင် သားက ယပ်တောင်နဲ့ခတ်ပေးနေတာပါ"

"သေချာလား?"

"သေချာတာပေါ့ မာမီရဲ့။ သားကို မယုံဘူးလား?"

"မာမီက ယုံချင်ပါတယ်။ ဒါပေမဲ့ အစားပုပ်လေးရဲ့စကားကို ယုံရမှာတော့ နည်းနည်းကြောက်တယ်"

"ဟာ..."

"ဟားဟားဟား"

အဲရစ် ဟားတိုက်၍ ရယ်မိသွားသည်။ အန်တီ အန်ဒရီယာက နောက်ဆုံးဟင်းပွဲကို စားပွဲပေါ်တင်၍၊ သူမ သားဖြစ်သူ၊ Jack Toby Windson အား စနေခြင်းပင်။

ဆံပင်နီကြောင်ကြောင်နဲ့ ဂျက်ခ်က အစားပုပ်သလောက်၊ လူကလဲ အူကြောင်ကြောင်နဲ့။ အခုလဲ ကြည့်။ စနောက်ပြီးပြောနေတာကို အတည်စိတ်ဆိုးပြီး၊ မျက်နှာပုပ်နေသည်တဲ့။

'ကျွတ်... ကျွတ်...'

အသက်ဘဲ ဆယ်နှစ်ရှိနေပြီ။ လူက ခုထိ မရင့်ကျက်သေးဘူး။

ဂျက်ခ်နဲ့ဆိုရွယ်တူပေမဲ့၊ ရင့်ကျက်ချင်လွန်းသူ ကိုအဲရစ်မှာဖြင့် ဘိုကေကိုတစ်သသနဲ့၊ ဂျက်ခ်ကိုစနောက်နေလေရဲ့။

"ဒေလီယာရေ..."

"ရှင်? မမ"

"ဒီ လာတော့လေ! ဟင်းပွဲတွေ အကုန်ရောက်နေပြီမလား"

"လာပြီ မမရေ။ ဒေလီယာ လာပြီ"

ပြောရင်းနဲ့ပင် မီးဖိုချောင်ထဲမှ ဒေလီယာ ထွက်လာခဲ့၏။ သူမ,သည်လဲ ဟင်းပွဲတစ်ခုကို ကိုင်လာရင်းနဲ့ပင်။

"ဒီမှာလေ။ မမ တူတော်မောင်က အမဲသား မပါရင် ထမင်းမစားတတ်ဘူး။ အဲဒါကြောင့် ကလေးအတွက် အမဲသားပေါင်း လုပ်ပေးနေတာ"

"အယ်! ပြဿနာဘဲ။ ငါက တမင်ကို ဒီည,ညစာပွဲမှာ အမဲသားဟင်းလျာအမည် မစီစဥ်ထားတာ"

𝙴𝙻𝚈𝚂𝙸𝚄𝙼 (hiatus)Where stories live. Discover now