Lavio နန်းတော်ရှိ ဆေးကုသဆောင်။
'တီ ... တီ ...'
'တီ ... တီ ...'
ဆေးကုသဆောင်ထဲသို့ ဝင်လာတာနှင့် မြင်လိုက်ရတာက အခန်းတစ်ခန်း၏အရှေ့ လူတွေ အလောတကြီး ဝင်ထွက်နေကြတယ်။
'ဟေ့ ... နှလုံးခုန်နှုန်းတွေ နှေးလာပြီ. စက် မြန်မြန် ရိုက်!'
ကြားနေရတဲ့ စကားသံတွေက အလောတကြီးစွာ။ အဲရစ် ရင်တွေ ထိတ်လာသည်။
"သီယို ... သား အိပ်ဆောင်ကို အရင်ပြန်နှင့်နော်။ ပါး ... နောက်မှ လာတွေ့မယ်"
ဆွဲထားတဲ့ လက်ငယ်လေးတစ်ဖက်ကို ဖြုတ်ရင်း မျက်နှာမလှည့်ဘဲ ဆိုမိသည်။ သီယိုဒေါရပ်စ်က ငယ်ပေမဲ့ အရိပ်အကဲသိသည်။ သူ့လက်ကို တစ်ချက် ပြန်ဆွဲဖြစ်ပြီး ပြောလာတာက ...
"ဒယ်ဒီနဲ့ တွေ့လို့ရပြီဆို သားသား ကိုလဲ ခေါ်ပါနော်။ ခုတော့ ပါးပါး စကားနားထောင်ပြီး၊ အဆောင်ကို အရင်ပြန်နှင့်ပါမယ်"
အဲရစ် ခေါင်းတစ်ချက်သာ ညိတ်ပြလိုက်သည်။ အရိပ်သက်တော်စောင့်တွေကို အချက်ပြ၍ မင်းသားငယ် 'သီယို' ကို လိုက်ပို့စေလိုက်သည်။
ထို့နောက် နောက်မှာပါလာသော ရိန်းဆီးဗီးယက်စ်ဆီ ဦးတည်၍ ...
"သူ အခု ဘယ်မှာလဲ?"
ရိန်းဆီးဗီးယက်စ် ဘာမှ ပြန်မပြောနိုင်ခင်မှာပင် ...
"ဟေ့ ... အဲရစ်! မင်း ... နိုးလာပြီ! ! "
အားရပါးရ သူ့ပခုံးပေါ်သို့ ပုတ်လာသော လက်ဝါးတစ်ချက်။ လှည့်ကြည့်လိုက်တော့ 'Jack Toby Windsor'
အနီရောင်ဆံပင်တွေနဲ့ ဂျက်ခ်က အဖြုရောင်ဂျုတီကုတ်အကျီကို ဝတ်ဆင်ထားပြီး၊ stethoscope ကို ပခုံးပေါ်ချိတ်ထားသည်။
အဲရစ် မျက်ခုံးတွေ တွန့်တက်သွားသည်။ ဂျက်ခ်နဲ့ သူ မတွေ့ရသည်မှာ အတော်, တော်တော်လေးကို ကြာလေပြီ။ ဒါတောင် ဆံနီကောင်က အရင်အတိုင်း မပြောင်းမလဲ။
"လာ ...! ငါ့နောက် လိုက်ခဲ့! မင်း ဒီမှာ ရပ်နေရမဲ့ အချိန် မဟုတ်ဘူး"
"ဂျိမ်းစ် ... သူ "
ခုထိတိုင် လူတွေ ပျားပန်းခတ်မျှ သွားလာလှုပ်ရှားနေတဲ့အခန်းကိုကြည့်ရင်း အဲရစ် ခြေလှမ်းတွေ မရွေ့ရဲပါ။ အမှန်တရားကို ရင်ဆိုင်ရမှာ ကြောက်နေသည်။
YOU ARE READING
𝙴𝙻𝚈𝚂𝙸𝚄𝙼 (hiatus)
Romance"Where do you wanna live the most?" He asked. "A place where you are..." I whispered, staring at him. Then, I felt him grin. <<Elysium : မင်းရှိတဲ့နေရာက Paradise>> *MAIN COUPLE: The Crown Prince & his bodyguard Alexandros Patrick Edison...