33 - Hypnosis

191 19 4
                                    

"အဲရစ်...လိုက်ပို့ပေးပါလား?"

ဂျိမ်းစ်က ဘယ်ဘက်လက်မောင်းနဲ့ Theodorus ကိုပွေ့ချီထားပြီး၊ ညာလက်တစ်ဖက်ကတော့ အဲရစ်ရှိရာဆီ ဆန့်တန်းပြီး၊ ထိုသို့မေးလာသည်။

"ဘယ်ကို... ?"

"မီးဖိုချောင်ဆီ"

အဲရစ် ထိုင်ခုံမှ မတ်တပ်ထရပ်လိုက်သည်။ ဂျိမ်းစ် ရှိရာဆီဦးတည်၍၊ ထိုလူ့လက်တစ်ဖက်ကိုဆွဲကာ မီးဖိုချောင်ငယ်လေးထဲ ခေါ်လာလိုက်သည်။

"Theodorus! စားဖိုမှူးကြီးကို တောင်းပန်လိုက်"

ဂျိမ်းစ်က မင်းသားငယ်ကိုအောက်သို့ချရင်း ပြောလာသည်။

"စားဖိုမှုးကြီးဖိုးဖိုး သားသား တောင်းပန်ပါတယ်နော်"

"ဒီအစေခံက မခံယူဝံ့ပါဘူး မင်းသားငယ်လေး။ တကယ်ဘဲ မင်းသားငယ် ထောက်ပြတဲ့အတိုင်း ကျွန်တော်မျိုးဟင်းလျာမှာလဲ လက်ရာလိုအပ်ချက်ရှိနေတာပါ"

စားဖိုမှူးကြီးနဲ့ Theo အပြန်အလှန်ပြောနေကြတာကြည့်ပြီး၊ အဲရစ် ပြုံး၍သာနေမိသည်။ မင်းသားငယ်လေးက ကောင်းမွန်စွာ ဆုံးမသွန်သင်ပြရင် နားလည်လွယ်တဲ့ကလေးပင်။

ဒီလိုဆိုတော့ နာရီဝက်ကြာအောင် သေချာရှင်းလင်းပြီး ပြောပြပေးခဲ့ရတဲ့အချိန်တွေ မပုတ်သွားခဲ့ဘူးလို့ ဆိုရမှာပါဘဲ။ တကယ်ဘဲ အခုလို ကလေးတစ်ယောက်ကို စိတ်ရှည်ရှည်နဲ့ဆုံးမတာဟာလဲ သူ့ဘဝမှာ ပထမဆုံးအကြိမ်ပင်။

"အဲရစ်... Theo ကိုခေါ်ပြီး ထမင်းစားပွဲမှာ စောင့်နေ"

"ဟင်"

အဲရစ် အငေးလွန်နေတုန်း ဂျိမ်းစ်က ပြောလာသည်။ လှည့်ကြည့်လိုက်တော့ ထိုလူက စားဖိုမှူးကြီးကိုတစ်စုံတစ်ခုပြောနေပြီး၊ အေပရွန်တစ်ခုကို ယူဝတ်နေလေတယ်။

"ကီဝီသီးသုပ်ဖို့ ပါဝင်ပစ္စည်းတွေ အကုန်ရှိလား?"

"ဟုတ်ကဲ့ ရှိပါတယ် အိမ်ရှေ့မင်းသား"

"ဘေးနားကဝိုင်းကြည့်ပြီး တစ်ခုခုလိုတယ်ပြောရင် ယူပေးပါ"

"ဟုတ်ကဲ့ နားလည်ပါပြီ"

အဲရစ် မျက်လုံးကိုရေဆေးချဖို့တော့ လိုအပ်နေပြီ။ တစ်စုံတစ်ခုတော့ မှားယွင်းနေပြီလား?

𝙴𝙻𝚈𝚂𝙸𝚄𝙼 (hiatus)Where stories live. Discover now