21 - I See You

222 13 0
                                    

"ပြန်ရောက်ပါပြီ"

"အင်း...ဒီနေ့ပြန်လာတာနောက်ကျတယ်နော်"

"ဟုတ်"

ပြတင်းတံခါးပေါက်က လှမ်းကြည့်လိုက်တော့မှောင်စပင်ပျိုးနေပြီဖြစ်၏။ ပခုံးပေါ်ထမ်းတင်ထားသောအိတ်ကို အိမ်ရှေ့ဆက်တီပေါ် ဒီတိုင်းပဲပစ်ချလိုက်တယ်။

ထို့နောက် မြင်နေရတဲ့မီးဖိုခန်းတံခါးပေါက်ဝဆီသို့ လှမ်းကြည့်လိုက်တော့၊ ကိုယ်နေဟန်ထားခပ်မတ်မတ်နဲ့ အရပ်မြင့်မြင့်၊ လူလတ်ပိုင်းအမျိူးသားတစ်ယောက်ဟာ အေပရွန်ကိုဝတ်လို့ ညစာအတွက် ပြင်ဆင်နေတယ်။

ထိုပုံရိပ်က ရင်းနှီးနေကြလို့ပဲပြောရမလား? ဒါမှမဟုတ် ငါးနှစ်ကြာပြီးတာတောင် အနည်းငယ်စိမ်းသက်နေသေးတယ်လို့ပဲ ပြောရမလား?

"ဘာရပ်လုပ်နေတာလဲ? လာလေ"

"အော် ဟုတ်"

ထမင်းစားပွဲဝိုင်းငယ်လေးမှာ ဝင်ထိုင်ပြီးတော့၊ တိတ်ဆိတ်နေသောထိုလူကြီးဆီသို့ ဂျက်ခ် စကားစပြောလိုက်သည်။

"စတီဗင်"

"အင်း"

"ဒီနေ့ အဲရစ်နဲ့တွေ့ခဲ့တယ်"

"......"

"သူ အရမ်းပြောင်းလဲသွားတယ်"

"......"

"ဒါပေမဲ့ တစ်ချို့အရာတွေတော့ မပြောင်းလဲသေးဘူး"

"ဘာပြောချင်နေတာလဲ ဂျက်ခ်"

"အဲရစ်ကို ဒီအတိုင်းလွှတ်ထားတော့မှာလား? ဘာမှကို မပြောပြတော့ဘူးလား ဟင်"

"......"

"အပေါ်တက်နှင့်တော့မယ်"

"စတီဗင်!!! ထပ်ပြီးလား? ထပ်ပြီး ဥပေက္ခာပြုနေအုံးမှာလား? ...ကျွန်တော့်ကိုလေ..."

"......"

ထိုစကားအဆုံး လှည့်ထွက်သွားတော့မယ်ပြင်နေတဲ့အဖြူရောင်ပုံရိပ်က ခနရပ်တန့်သွားသည်။ ဒါပေမဲ့ ခန..! ခနပါပဲ။ သူ့ကိုကျောခိုင်းလို့ ဆက်လျှောက်တော့မယ်ပြင်နေတဲ့ ဒီလူကြီးဟာလေ...

𝙴𝙻𝚈𝚂𝙸𝚄𝙼 (hiatus)Where stories live. Discover now