Arc [1] Chp :: 1

24.1K 1.8K 87
                                    

[Unicode]

           • အမြှောက်စာဗီလိန်ကောင်
           စဖြစ်ခြင်းပထမဆုံးနေ့ •

-------------------

"ဆိုးဝါးလိုက်တဲ့စာရေးဆရာ, အနှေးနဲ့အမြန် ဒဏ်ခတ်ခံရလိမ့်မယ်! "

ဇာတ်သိမ်းပိုင်းကိုတင်ပြီး နာရီဝက်လောက် စောင့်ဆိုင်းပြီးတဲ့နောက်မှာတော့ ကုရန်က page ကို refreshပြန်လုပ်ပြီး မှတ်ချက်တွေကို စတင်ဖတ်ရှုတော့တယ်။ အံ့အားသင့်စရာမကောင်းစွာနဲ့ပဲ ကုရန်တစ်ယောက် ဝေဖန်စာတစ်ပုံတစ်ခေါင်းကြီးကို စုဝေးရရှိလိုက်လေတယ်။

အံ့အားသင့်စိတ်ပျက်စေတဲ့ဝတ္ထုတွေရဲ့ဖန်တီးရှင် စာရေးဆရာတစ်ယောက်အနေနဲ့ သူ ဒီလို‌ ကြောက်မက်ဖွယ် အပြစ်တင်မှတ်ချက်တွေ ရရှိနေရခြင်းရဲ့ အဓိကအကြောင်းရင်းကတော့ သူက သူ့ရဲ့ဝတ္ထုကို သောက်ကျိုးနည်းဇာတ်သိမ်းကြီးနဲ့ အဆုံးသတ်လိုက်လို့ပဲဖြစ်လေတယ်။

ကောင်းတယ် နောက်တစ်ခေါက်ပေါ့။

Bujianက မြင်းသိုးကောင်ဝတ္ထုများဆိုပြီး ဖွင့်လှစ်လိုက်တဲ့အချိန်တည်းက ကုရန်က သူတို့နဲ့ချိတ်ဆက်ပြီး ဇာတ်သိမ်းဆိုးဆိုးရွားရွားများနဲ့ သူ့ရဲ့မှောင်မိုက်နေသော ဝတ္ထုခရီးလမ်းကို စတင်ချီတက်ခဲ့တော့တယ်။

မှောင်မိုက်နေတဲ့ခရီးလမ်းဆိုတဲ့အကြောင်းရင်းကတော့ ရှင်းရှင်းလေးပါပဲ, ဆိုးရွားတဲ့ဇာတ်သိမ်းတွေရေးတဲ့ စာရေးဆရာတွေက စာဖတ်သူတို့ရဲ့နာမည်ဆိုးစာရင်းထဲ ထည့်သွင်းခံလိုက်ရလို့ပဲဖြစ်တယ်။ သို့ပေမဲ့လည်း သူ့ရဲ့ဝတ္ထုတွေ အတော်လေးကို အောင်မြင်ကျော်ကြားနေရခြင်းကတော့..... စိတ်ပျက်ဖွယ်ဇာတ်သိမ်းတွေကလွဲရင် ကုရန်ရဲ့ဝတ္ထုတွေက အမြဲတမ်း သောက်ရမ်းမိုက် သောက်ရမ်းကောင်း ဖတ်ရတာတန်လေတယ်!

သူတို့ ဘာလို့ကြိုက်ကြတာလဲ, အဖြေကတော့ သူ့ရဲ့ဝတ္ထုတွေက စာဖတ်သူတွေကို သောက်ရမ်းအံ့အားသင့်တုန်လှုပ်စေတဲ့ အလှည့်အပြောင်းတွေ ပါဝင်နေလို့ပဲဖြစ်တယ်။ ဒါကြောင့် စာဖတ်သူတွေ တဖွဲဖွဲရောက်လာပြီး ပြောင်မြောက်လှတဲ့သူ့ဝတ္ထုတွေကို နောင်တတရားမရဖို့ ဆုံးဖြတ်ရင်း ဖတ်ရှုကြလေတယ်။ ဒါပေမဲ့လည်း တူညီတဲ့အချိန်တစ်ခုတော့ရှိတယ်, သူတို့တွေ ကြောက်မက်ဆိုးရွားလှတဲ့ဇာတ်သိမ်းဆီ ရောက်ရှိချိန်မှာတော့ ဒေါသခိုးဝေပြီး ပေါက်ကွဲထွက်ကြပါတော့တယ်။ သူတို့တွေ ကုရန်ကို "စာရေးသူအမှိုက်ကောင်!" လို့ အားရပါးရကျိန်ဆဲလို့ပြီးရင်တော့ သူတို့တွေ စိတ်ထိန်းရင်း သူ့ရဲ့အခြားသောဝတ္ထုတွေကို ဆက်ရှာပြီးဖတ်ရှုကြလေတယ်။

ငါ့ကို သတ်မယ့်သူတွေက ငါလေးကို ကြွေသွားတယ်တဲ့(ဘာသာပြန်) Where stories live. Discover now