[Unicode]
ဘယ်လို မိမစစ် ဖမစစ်မျိူးက ကလေးတစ်ယောက်ကို အနိုင်ကျင့်ရဲရတာလဲ.....
လူတွေ သူ့ရဲ့အကျင့်စရိုက် ရုတ်ချည်းပြောင်းလဲသွားတာကို သတိပြုမိသွားမှာကို စိုးရိမ်မနေရင် ကုရန်တစ်ယောက် ဟန်ဆောင်တာကို ချက်ချင်း ရုပ်သိမ်းပြီး ကလေးလေးကို နှစ်သိမ့်ချော့မြှူလိုက်မှာ။
ဒါပေမဲ့ လက်တွေ့မှာတော့ သူ ကလေးကို နောက်ကျောပေးပြီး အေးစက်စက် အသံနဲ့ ဆက်ပြောလိုက်တာပဲ " ပြန်တော့ "
အချိန်တစ်ခုလောက် စောင့်ဆိုင်းအပြီးမှာတော့ ကုရန်တစ်ယောက် ကလေးလေးရဲ့ " နားလည်ပါပြီ " ဆိုတဲ့စကားသံနဲ့အတူ အခန်းထဲက ထွက်သွားတဲ့ ခြေလှမ်းသံကိုပါ ကြားလိုက်ရတယ်။ နောက်ဆုံးတော့ ဖွင့်ထားတဲ့ တံခါးလည်း ခပ်ဖွဖွ ပိတ်သွားခဲ့ပြီ။
ကလေး ထွက်သွားချိန်မှာတော့ အခန်းထဲမှာ ကုရန်တစ်ယောက်တည်း ကျန်တော့တယ်။ သူ အနည်းငယ် စိတ်သက်သာရာရသွားချိန်မှာ သူ့ဦးနှောက်ထဲက system ရဲ့အသံကို ရုတ်တရက် ကြားလိုက်ရတယ်။
[ Hostက 'စည်းမျဉ်းများ ' ကို အတင်းပြောင်းလဲလိုက်ပြီးတဲ့နောက် system က host ဝင်ထားတဲ့ ကိုယ်ခန္ဓာကနေ ငြင်းဆန်မှုတစ်ခုကို ရှာတွေ့လိုက်ပါတယ်။ အဲ့ဒီအချိန်မှာ hostရဲ့ကိုယ်ကို သေပြီးသားလို့ ဆုံးဖြတ်လိုက်တာကြောင့် ချက်ချင်း အခြားကမ္ဘာဆီ ကူးပြောင်းလိုက်ရတာပါ။ ] System သာ လေသံအတက်အကျနဲ့ ပြောနိုင်ရင် 037 လေး အခြေအနေ ရှင်းပြနေချိန်မှာ တောင်းပန်သံလေး နှောနေလိမ့်မယ်။
တစ်ကမ္ဘာလုံး တူတူရှိလာတဲ့ စက်သံကို နားထောင်ကြည့်ရတော့ ကုရန်တစ်ယောက် system ပြောချင်နေတာတွေကို နားလည်နိုင်ပါတယ်။
ပထမကမ္ဘာကနေ ရုတ်ချည်း ပြောင်းရွှေ့လိုက်ရတယ် , ပွင့်ပွင့်လင်းလင်း ပြောရရင် ကုရန်တစ်ယောက် အရင်ကမ္ဘာကြောင့် စိတ်သက်သာရာမရသေးပေ , ဟေးဒီစ်ကြီး နိုးလာလို့ သူ့ကို ရှာမတွေ့ရင် ဘယ်လိုတွေ တုန့်ပြန်မလဲဆိုတာ တွေးနေမိတုန်းပဲ....
[ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ host စိတ်ပူစရာ မလိုတော့ပါဘူး။ ]
YOU ARE READING
ငါ့ကို သတ်မယ့်သူတွေက ငါလေးကို ကြွေသွားတယ်တဲ့(ဘာသာပြန်)
RomanceDon't repost the commissioned Fanart CV anywhere for commercial purposes! Artist - Liu Liu Liu Silisix ✨ Novel name နဲ့ information အပြည့်အစုံကို အထဲမှာ ရေးသားပေးထားပါတယ်။ Start Date- 12.7.2021