Chp :: 17

5.2K 961 8
                                    

[Unicode] 

  လုံးလုံး မရင်းနှီးတဲ့ နေရာမှာ သူ့ရှေ့က လူကို လေ့လာအကဲခတ်ရင်း ထိုသူရဲ့ အမူအရာတွေ ပြောဆိုပုံတွေက အတွေ့အကြုံ ရင့်သန်လွန်းတဲ့ စာရေးဆရာ ကုရန်တစ်ယောက် သူ..... ပြန်ပေးဆွဲခံလိုက်ရမှန်း နားလည်သွားတော့တယ်။

   မတ်မတ်ထိုင်နေရင်း သူ့လည်ပင်းနောက်က  နာကျင်မှုက သူ့ကို အဖြေပေးနေတယ်။

  [ ရန်သူတွေက လှုပ်ရှားတာ တအားမြန်တယ်။ 037လေး hostကို သတိမပေးခင်မှာပဲ hostက သတိမေ့သွားပြီ။ ]

   ထိုအသံကို ကြားတော့ ကုရန်က မြန်မြန် ပြန်ဖြေလိုက်တယ်။ " အဆင်ပြေပါတယ်။ မင်း ငါ့ကို သတိပေးလိုက်ရင်တောင် ရလဒ်က တူတူပဲ ဖြစ်နေမှာ "

   ကုရန်က အမြဲတမ်း ကိုယ့်ရည်ရွယ်ချက်ကို ကောင်းကောင်းသိသူဖြစ်တယ်။

   ကုရန် အရင်ဆုံး လက်မြှောက်ပြီး သူ့လည်ပင်းနောက်ကို ပွတ်သပ်လိုက်တယ်။ ဟေးဒီစ်မျိုးနွယ် တစ်ယောက်ရဲ့ လက်စောင်းခုတ်တာ ခံလိုက်ရတော့ သူ့လည်ပင်း မကျိုးသွားတာပဲ..... တော်တော်လေး ကံကောင်းနေပြီ။

   " ကိုယ့်တပည့်တွေကို အင်အားထိန်းဖို့ ပြောလိုက်ပါသေးတယ်။ ဒါပေမဲ့ အဲ့ကောင်တွေ အရမ်းကြမ်းတမ်းသွားပုံပဲ။ " မျက်ခုံးပင့်ထားတဲ့ ကောင်လေးကို အကဲခတ်ရင်း ထိုလူက ညင်သာစွာ ပြောလိုက်တယ်။ သူ့မျက်နှာ‌ပေါ်က ခပ်ပေါ့ပေါ့ အမူအရာက မသိရင် ဒီအခြေအနေတစ်ခုလုံးကို ညွှန်ကြားခိုင်းစေတဲ့သူက ထိုလူ မဟုတ်သလိုလိုနဲ့။

   ထိုလူ့အသံက ညင်သာအေးဆေးပေမဲ့ ငွေမျှင်ရောင် ဆံပင်များနဲ့ ထိုဟေးဒီစ်ရဲ့ မျက်ဝန်းတွေက သူ့ကို စိတ်ဝင်စားသလို စိုက်ကြည့်နေပေမဲ့ ရက်စက်ရိပ်တွေလည်း စွန်းထင်းနေသေးတယ်။

   " ကိုယ့်အစ်ကိုဆီက တစ်စုံတစ်ရာကို ခိုးယူကြည့်ရတာ ပထမဆုံးအကြိမ်အနေနဲ့ နည်းနည်းဆန်းသစ်နေသလိုပဲ။" ထိုလူငယ်က ညာလက်နဲ့ မေးစေ့ကို ပွတ်သပ်ရင်း ဆံနက်‌ကောင်လေးကို ပြုံးပြလိုက်တယ်။

   ကောက်ကျစ်လိုက်တဲ့ လူပါလား။ ကုရန်တစ်ယောက် သူ့အရှေ့ကလူကို လုံးလုံးမသိဘူးလို့ မဆိုလိုပေ။ ကောင်းလွန်းတဲ့ သူ့မှတ်ဉာဏ်တွေကြောင့် ဒီလူ ဟေးဒီစ်ကြီးကို လာလည်တုန်းက သူတို့အချင်းချင်း တွေ့ဖူးတာကို ကုရန် မှတ်မိလိုက်တယ်။

ငါ့ကို သတ်မယ့်သူတွေက ငါလေးကို ကြွေသွားတယ်တဲ့(ဘာသာပြန်) Where stories live. Discover now