[Unicode]
starshipကြီးက တစ်စက္ကန့်လောက်ကြာပြီးမှ အချိန်တစ်ချို့ကြာ ချောချောမွေ့မွေ့ ဆက်ပျံသန်းလေတယ်။ သူတို့ဦးတည်ရာဆီ ရောက်ဖို့ ခြေတစ်လှမ်း သာသာပဲလိုတော့တယ်။
ကောင်လေးရဲ့ပတ်ပတ်လည်က ကိုယ်ရံတော်ဟေးဒီစ်များမှာ အတော်လေး မယုံကြည်နိုင်လောက်အောင် ဆွံ့အနေကြတယ်။ ဆံနက်ကောင်လေးက အကာအကွယ်မထားဘဲ တစ်ချိန်လုံး စိတ်လွတ်လက်လွတ်နဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာပဲ။
အချက်ကျကျပြောရရင် ဒီလိုသေးကွေးအားနည်းလှတဲ့ သတ္တဝါလေးက အခုချိန်ထိ အသက်ရှင်နေ ရသေးတာလဲ???
Starshipကတော့ ဆင်းသက်ဖို့ပြင်တဲ့အခါ အစောပိုင်းတုန်းက ဆေးကုသရေးအခန်းဆီ ဝင်သွားကြတဲ့လူတွေလည်း shipထိပ်ဆီ ပြန်ရောက်လာကြတယ်။
သူတို့ရဲ့အရှင် ပြန်လာပြီ။
ဟေးဒီစ်အားလုံး ကောင်လေးဆီက အကြည့်တွေကို လှစ်ခနဲ ချက်ချင်းပြန်ရုပ်လိုက်တော့တယ်။
သူတို့တွေ အောက်ဘက်ဝင်ပေါက်မှာ ရင်းနှီးတဲ့ ငွေရောင်အလင်းတန်းတစ်ခုကို မြင်လိုက်ရတယ်။ ထိုလူက ချောမောခံ့ညားပြီး အေးစက်စက် မျက်နှာသွင်ပြင်မျိုးရှိတယ်။ သူ့နောက်ကျောက သံချောင်းတစ်ချောင်းလို ဖြောင့်တန်းနေပြီး ဝတ်ထားတဲ့အနက်ရောင်ဝတ်စုံက သိသိသာသာအေးစက်မှုတွေပေးစွမ်းနေတယ်။
ယဉ်ပါးနေတဲ့ကြောင်အသွင်ထက်စာရင် ဒီငယ်သားတွေက commanderကြီးရဲ့ လက်ရှိလူသားအသွင်ပုံစံကိုသာ ပိုပြီးအသားကျလေတယ်။
တကယ်တော့ ဟေးဒီစ်မျိုးနွယ်တွေရဲ့ ပင်ကိုစရိုက်အရ ဘယ်သူကမှ သူတို့ရဲ့မူရင်းပုံစံကို မပြသချင်ကြပေ။ အဲ့လိုပြသတာက သူတို့ရဲ့အင်အားနဲ့ အားနည်းချက်အပိုင်းကို ထုတ်ပြမိတာနဲ့ တူတူပင်။
"Chris, commander မှတ်ဉာဏ်ပြန်ရသွားပြီလား? သူ့ကြည့်ရတာ...." ပုံမှန်အတိုင်း ဘာမှမကွာသလိုပဲ။
သူ မေးလို့တောင်မဆုံးသေးဘူး, သူတို့ဆွေးနွေးနေတဲ့လူကြီးက ဆံနက်ကောင်လေးရှိတဲ့နေရာဆီ လျှောက်သွားတာကို မြင်လိုက်ရတယ်။ Eli ကိုင်းလိုက်ပြီး ကောင်လေးရဲ့ခါးကို ဆွဲပွေ့ကာ သူ့ခေါင်းကိုတော့ ဖြူဖျော့ဖျော့ လည်တိုင်လေးဆီ နှစ်ထားလိုက်တယ်။ သူ့စကားကိုတောင် ဆုံးအောင် မပြောရသေးတဲ့ ကိုယ်ရံတော်ဟေးဒီစ်ကတော့ ချက်ချင်းပဲ ပါးစပ်ပိတ်သွားတော့တယ်။
YOU ARE READING
ငါ့ကို သတ်မယ့်သူတွေက ငါလေးကို ကြွေသွားတယ်တဲ့(ဘာသာပြန်)
RomanceDon't repost the commissioned Fanart CV anywhere for commercial purposes! Artist - Liu Liu Liu Silisix ✨ Novel name နဲ့ information အပြည့်အစုံကို အထဲမှာ ရေးသားပေးထားပါတယ်။ Start Date- 12.7.2021