[Unicode]
ဗာတီကန် ကြာပန်းနက်ရဲ့ အဖျက်စွမ်းအားကြောင့် သူ့ဆရာသခင် ထိခိုက်သွားမှာကို မလိုလားတဲ့ ကျန်းထန်က အိမ်နဲ့ ဆက်ထားတဲ့ မြေအောက်ခန်းကို ရောက်တဲ့ထိ စောင့်ပြီးမှပဲ သိုလှောင်အိတ်ထဲမှ ထိုကြာပန်းနက်ကို ထုတ်ယူလိုက်တယ်။
သူ့ဆရာသခင်ပြောတာ ဒီပစ္စည်းက သူ့ကို သွေးသန့်ထောင်းထျဲ့သားရဲ ဖြစ်အောင် လုပ်ပေးနိုင်တယ်တဲ့။ ကျန်းထန်က သူ့ဆရာသခင်ရဲ့ စကားတိုင်းကို ဘယ်တော့မှ သံသယဝင်မှာ မဟုတ်ပေ။
စွမ်းအားတူတူချင်းကို မျိုချရတာ သိပ်တော့မလွယ်ပေ။ သူ့ရဲ့ ကျိုးဖြတ်ခြင်းအဆင့်မှာသာ ရှိမနေလို့ကတော့ အဲ့ဒီကြာပန်းနက်ဆီက စွမ်းအားကို စုပ်ယူပြီး သူ့အပိုင်အဖြစ် သုံးနိုင်မှာ မဟုတ်လောက်ဘူး။
သူ့ရဲ့သားရဲသွေးကြောကို ပြီးပြည့်စုံစေတဲ့ ဖြစ်စဉ်က ချက်ချင်းဗြုန်းဆိုင်း ဖြစ်သွားမယ့်အရာ မဟုတ်ဘူး။ ကျန်းထန်တစ်ယောက် ထိုကြာပန်းနက်ကို မျိုချပြီးတာနဲ့ သူငယ်အိမ်က ဒေါင်လိုက်မျက်ဆံကျဉ်းများအဖြစ် ရုတ်တရက် ပြောင်းလဲသွားတယ်။
သူ့ခန္ဓာကိုယ်ထဲမှာ ဖြစ်နေတဲ့ ပြောင်းလဲမှုတွေကို ခံစားနိုင်ပေမဲ့ နာကျင်မှုက ပိုပိုထင်ရှားပြတ်သားလာတယ်။ သူ့ခန္ဓာကိုယ်တစ်လျှောက် စီးဆင်းနေတဲ့ သွေးတွေက အဆမတန် ပူပြင်းလာကာ သူ့ခန္ဓာကိုယ်ကို ဆက်တိုက်ပူလောင်လာစေတယ်။
နာကျင်မှုက ပြင်းထန်လွန်းလို့ ကျန်းထန်တစ်ယောက် မျက်မှောင် ခပ်တင်းတင်း ကြုပ်ထားမိတယ်။ သူ နောက်တစ်ကြိမ် ထပ်မော့ကြည့်လိုက်တဲ့အခါမှာတော့ သူ့မျက်ဆံတွေက ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီ။
နာကျင်မှုက တစ်စက္ကန့်လောက်သာ ကြာလိုက်တယ်၊ သူ့ရဲ့ သားရဲသွေးကြောကို ပြီးပြည့်စုံစေတယ်ဆိုတာ သူ အရွယ်ရောက်အဆင့်ကို ကျိုးဖြတ်သွားနိုင်ပြီလို့ ဆိုလိုတာ၊ ထိုလူသားအပေါ် ထားတဲ့ သူ့ရဲ့ ပိုင်ဆိုင်လိုစိတ်တွေကလည်း ပိုပြီးတော့တောင် ထင်ရှားပြတ်သားလာပြီ။
ထောင်းထျဲ့သားရဲရဲ့ အလိုမသတ်နိုင်တဲ့ လောဘစိတ်က လှုံ့ဆော်လာတဲ့အခါ သူ ကျင့်ကြံသူလေးကို ဒီထက်ပိုဆိုးဝါးပြင်းထန်တဲ့ တစ်စုံတစ်ရာကို ပြုလုပ်ချင်လာလိမ့်မယ်။

YOU ARE READING
ငါ့ကို သတ်မယ့်သူတွေက ငါလေးကို ကြွေသွားတယ်တဲ့(ဘာသာပြန်)
RomanceDon't repost the commissioned Fanart CV anywhere for commercial purposes! Artist - Liu Liu Liu Silisix ✨ Novel name နဲ့ information အပြည့်အစုံကို အထဲမှာ ရေးသားပေးထားပါတယ်။ Start Date- 12.7.2021