[Unicode]
တိုက်ဖျက်ချေမှုန်းလိုစိတ် အပြည့်ဝင်နေတဲ့ ဟေးဒီစ်တစ်ဦးကို နှစ်သိမ့်ချော့မြှူပေးနိုင်ဖို့ဆိုတာ စိတ်ကူးကြည့်ရုံနဲ့တင် ခက်ခဲလွန်းလှတယ်။ ဒါ့အပြင် ဒါကလည်း သိပ္ပံနည်းကျကျ ဖြစ်နိုင်ခြေတစ်ခုသာသာပဲ။
လုံးလုံးကြီး မဖြစ်နိုင်တာမျိုးလည်း ဖြစ်နိုင်တယ်။ ဘာလို့ဆို ဒီလိုပြင်းထန်တဲ့ အခြေအနေမှာ ဟေးဒီစ်ကြီးက ပြင်ပ အနှောင့်အယှက် အားလုံးကို အလိုအလျောက် တိုက်ခိုက်ပစ်မှာမို့ပင်။
ဒါပေမဲ့ သူ့အရှေ့ရှိ ဆံနက်ကောင်လေးကတော့ တကယ်ကြီး လုပ်ပြနိုင်ခဲ့ပြီး အနက်ရောင် စစ်သင်္ဘောထဲက ဟေးဒီစ်ကြီးကို အဓိက စစ်သင်္ဘောကြီးဆီ အောင်အောင်မြင်မြင် ပြန်ခေါ်လာလိုက်သေးတယ်။
အခုချိန်မှာ Evan တစ်ယောက် သူတို့ commander ကြီးကို ကြည့်ပြီး တွေးမိသွားတဲ့ တစ်ခုတည်းသောအရာက သူ နည်းနည်းများ အရက်နာကျနေသလားလို့.....?
အားနည်းတဲ့ လူသားကောင်လေးက သူတို့ commander ကြီးရဲ့ အလုံးစုံ လွှမ်းမိုးမှုကို ခံယူထားရတယ်လို့ သူ အမြဲတမ်း ခံစားမိပြီး သူတို့ commander ကြီး ရင်ခွင်ထဲမှာ ခပ်တင်းတင်း အဖက်ခံထားရတဲ့ ကောင်လေးကို ကြည့်ရင်း Evan ဗျာများနေမိတယ်။
သူတို့က အခု စစ်သင်္ဘောကြီးရဲ့ ထိန်းချုပ်ရေး အခန်းထဲမှာ ရှိနေပြီး လက်ရှိ လူသုံးယောက်သာ ထိုအခန်းထဲ ရှိနေကြတယ်။ စစ်တပ်အခြေအနေကို တင်ပြပြီး commander ကြီးဆီမှ တုန့်ပြန်မှုတစ်ခု ပြန်ရတာနဲ့ လက်ထောက်လေးမှာ ထိုနေရာမှ ခပ်မြန်မြန် ရှောင်ထွက်သွားတော့တယ်။
လက်ထောက်တစ်ယောက်အနေနဲ့ သူ့မှာ လုပ်စရာအလုပ်တွေ အများကြီးရှိသေးတယ်, ပြီးတော့ ဘာပဲဖြစ်ဖြစ် commanderက အဲ့ သေးသေးကွေးကွေး ဆံနက်ကောင်လေးကိုတော့ နာကျင်အောင် လုံးဝ လုပ်မှာမဟုတ်ပေ.....
အနောက်ကနေ အသက်ရှုငွေ့ နွေးနွေးများက ကုရန် နားရွက်ကို ဖြတ်တိုက်နေတော့ သူ အနည်းငယ် ယားယံလာရတယ်။ သူ စိတ်ကျဉ်းကြပ်သလို ဖြစ်လာလို့ နည်းနည်းလောက်လေး လှုပ်လိုက်မိရင် ပိုမိုတင်းကြပ်စွာ အဖက်ခံလာရတာကို သတိပြုမိသွားတော့တယ်။
![](https://img.wattpad.com/cover/277046284-288-k333991.jpg)
YOU ARE READING
ငါ့ကို သတ်မယ့်သူတွေက ငါလေးကို ကြွေသွားတယ်တဲ့(ဘာသာပြန်)
RomanceDon't repost the commissioned Fanart CV anywhere for commercial purposes! Artist - Liu Liu Liu Silisix ✨ Novel name နဲ့ information အပြည့်အစုံကို အထဲမှာ ရေးသားပေးထားပါတယ်။ Start Date- 12.7.2021