Chp :: 44.2

3.4K 532 9
                                    

[Unicode]

ကုရန်တစ်ယောက် သူ့ရှေ့က ကလေးလေးရဲ့ နှလုံးသားက ဒီလောက်အခြေအနေထိ မှောင်မိုက်သွားမှန်း လုံးဝသတိမထားမိခဲ့ပါဘူး၊ ဘာလို့ဆို ဒီကလေးလေးက သူ့ရှေ့ရောက်တာနဲ့ တအားလိမ္မာကျိုးနွံလွန်းလို့ပါ။ ကုရန်က သူ့ကို တစ်ခုခု လုပ်စေချင်တာနဲ့ အထွန့်တက်ခြင်းမရှိ ချက်ချင်းဆောင်ရွက်လို့ပဲဖြစ်တယ်။

လအနည်းငယ်အတောတွင်းမှာ သူ့ခန္ဓာကိုယ်ပြန်ကောင်းမှုက အကန့်အသတ် ရှိနေပါသေးတယ်။ အကြာကြီး မတ်တပ်ရပ်မိရင် ကုရန်ခြေထောက်တွေ ပျော့ခွေအားနည်းသွားကာ ဟန်ချက်မထိန်းနိုင်တော့ပေ။ ဘီးတပ်ကုလားထိုင်ပေါ်မှာ ပြန်ထိုင်ရင်း ကုရန်က သိုလှောင်အိတ်တစ်အိတ်ကို ထုတ်ကာ ကျန်းထန်ကို ကမ်းပေးလိုက်တယ်။

"တီထွင်ဖို့ လိုအပ်တဲ့ပစ္စည်းတွေအားလုံး ဒီအိတ်ထဲမှာ ရှိတယ်။" ကုရန်မှာ ဝိညာဉ်စွမ်းအား မရှိတော့တာကြောင့် ထိုပစ္စည်းကို တီထွင်လို့မရနိုင်တော့ပေ။ ဒါပေမဲ့ ကုရန်က သူ့တပည့်လေးရဲ့ စွမ်းရည်ကို အကြွင်းမဲ့ ယုံကြည်ပါတယ်။ သူက ဘေးကနေပြီး နှုတ်နဲ့ လမ်းညွှန်ပေးရုံပဲ။

ကျန်းထန်က ခေါင်းကို မြန်မြန်ညိတ်ပြလိုက်တယ်။ သူ့ဆရာသခင်က သူ့ကို တစ်ခုခုသင်ယူစေချင်ရင် သူ သင်မှာပါ။ အမှန်တိုင်းပြောရရင် ကမ္ဘာပေါ်မှာ ဒီသားရဲပေါက်လေးကို အလွယ်တကူ လိမ္မာနာခံသွားမယ့် လုပ်ဆောင်နိုင်မယ့် သူများရှိခဲ့ရင် အကြင်သူက အခု သားရဲပေါက်လေးရှေ့မှာ ထိုင်နေတဲ့ ကျင့်ကြံသူလေးတစ်ဦးတည်းသာ ဖြစ်ပါပေတယ်။

ဒီဝိညာဉ်စွမ်းအားပစ္စည်းနဲ့သာဆို သူ့ရဲ့ကျင့်ကြံဆင့်ကို ဖုံးကွယ်ထားနိုင်ပြီ။ ကျန်းထန်ရဲ့ မယုံကြည်နိုင်စရာ ကောင်းလွန်းတဲ့ ကျင့်ကြံဆင့်နှုန်းထားကိုလည်း ဘယ်သူမှ ရှာတွေ့နိုင်မှာမဟုတ်ဘူး။ ဒါပေမဲ့ သူ အခြားလူတွေကို အရူးလုပ်ထားတဲ့ အယောင်ဆောင်ကျင့်ကြံဆင့်ကတောင် ထိတ်လန့်စရာကောင်းဖို့ လုံလောက်နေလေပြီ။ အယောင်ဆောင် ဝိညာဉ်စွမ်းအားသွေးကြောပိုင်ရှင်တစ်ဦးက ဝိညာဉ်စွမ်းအားသွေးကြော တစ်မြစ် ဒါမှမဟုတ် နှစ်မြစ်ပိုင်ရှင်ဖြစ်သော တပည့်ခေါင်းများနဲ့ ကျင့်ကြံဆင့်နှုန်းက ထပ်တူသွားကျနေတယ်လေ၊ မအံ့ဩဘဲ ဘယ်သူကနေနိုင်မှာလဲ?

ငါ့ကို သတ်မယ့်သူတွေက ငါလေးကို ကြွေသွားတယ်တဲ့(ဘာသာပြန်) Tahanan ng mga kuwento. Tumuklas ngayon