Chp :: 45

3.4K 480 37
                                    

[Unicode]

အသက်အရွယ်တစ်ခုရောက်ရင် ဂိုဏ်းထဲက တပည့်တွေအားလုံး သူတို့အတွက် ခွဲဝေပေးထားတဲ့ တာဝန်တွေကို ဆောင်ရွက်ဖို့ တောင်ပေါ်မှ ထွက်ခွာရတယ်။ ကျန်းထန်လည်း အခု ထိုအသက်အရွယ်သို့ ရောက်ရှိခဲ့ပြီ။

ကုရန်တစ်ယောက် သူ့တပည့်မရှိတော့ ဂိုဏ်းတပည့်တွေကို လေ့ကျင့်ပေးဖို့ အချိန်ပိုထွက်လာတယ်။ သူ့ရဲ့ဓားသိုင်းစွမ်းရည်နဲ့အတူ အခြားတတ်ကျွမ်းသော လက်နက်ပြုပြင်ဖန်တီးခြင်း၊ အဂ္ဂိရတ်ပညာ၊ အစီအရင် ခင်းကျင်းနည်းလည်း ရှိသေးတော့ တပည့်တစ်ချို့ကို လမ်းညွှန်ပြသပေးဖို့ မခက်ခဲပေ။

"အကာအကွယ် အစီအရင်က ညီတူမျှတူဖြစ်ဖို့ တအားအရေးကြီးတယ်။ မင်းက ဗဟိုချက်တစ်ခုတည်းကိုပဲ ခိုင်မာအောင် လုပ်မယ်‌ဆို အစီအရင်ရဲ့ စွမ်းရည်တိုးလာမယ့်အစား ဟာပေါက်တွေနဲ့ပဲ အဆုံးသတ်သွားလိမ့်မယ်။ ဒီလိုအမှား‌မျိုးကို သေချာပေါက် ရှောင်ကြဉ်။"

တစ်ချက်ကြည့်ရုံနဲ့ သူ့အမှားတွေကို ထောက်ပြခံလိုက်ရတဲ့ တပည့်တစ်ဦးက ပြန်ဖြေတယ် :: "နားလည်ပါပြီ" ။ ကျင့်ကြံသူလေး သင်ကြားပေးတဲ့အတိုင်း သူ အစီအရင်ကို စပြန်ပြင်လိုက်တယ်။

ဒီလိုပညာမျိုးက အင်မတန် ရှုပ်ထွေးပြီး အထူးသဖြင့် အမှားသေးသေးလေးတစ်ခု ကျူးလွန်မိတာနဲ့ အသက်ဆုံးရှုံးနိုင်ခြေရှိတယ်။ အစီအရင်အမျိုးအစားပေါင်းများစွာကို နက်နက်နဲနဲ လေ့လာပြီးတဲ့ လူတစ်ယောက်ရှိလို့ကတော့ သူ့ကျင့်ကြံဆင့်က ဘယ်လောက်ပဲဖြစ်နေပါစေ ဂိုဏ်းပေါင်းများစွာက သူ့ကို ရဖို့ အစွမ်းကုန် တိုက်ခိုက်ကြလိမ့်မယ်။ ပြောစရာမလိုအောင် ဒီလူမှာ လက်နက်ပြုပြင်ဖန်တီးခြင်းနဲ့ အဂ္ဂိရတ်ပညာကိုလည်း တူညီတဲ့ နားလည်ကျွမ်းကျင်မှု ရှိသေးတယ်လေ။

ဒီတပည့်တွေ သူတို့ရှေ့က ကျင့်ကြံသူလေးနဲ့ ပိုပိုပြောဆိုဆက်ဆံရလေလေ သူ့အပေါ် လေးစားရိုသေမှုတွေက ပိုပိုတိုးလာလေလေပဲ။

ဒီနေ့ရဲ့ နောက်ဆုံးသော ကျောင်းသားကို အကြံပေး လမ်းညွှန်ပြီးတဲ့အခါ ကုရန် ထျန်းခုံးတောင်ဆီ ပြန်ခဲ့တယ်။ အခု ညအချိန်ရောက်ပြီဆိုတော့ ကောင်းကင်မှာ ကြယ်တွေ မြင်နိုင်တယ်။ ကောင်းကင်ပေါ်မှာ အချိန်နှင့်တ‌စ်ပြေးညီ ပိုပိုတောက်ပလာသလို ထင်ရတဲ့ ကြက်သွေးရောင် မီးအလင်းတစ်ခု ရှိတယ်။

ငါ့ကို သတ်မယ့်သူတွေက ငါလေးကို ကြွေသွားတယ်တဲ့(ဘာသာပြန်) Where stories live. Discover now