[Unicode]
ရက်စက်တဲ့ သားရဲမိစ္ဆာကတော့ ဂူထဲ ပြန်ပြေးဝင်သွားပါပြီ။ မူမှန်မဟုတ်တဲ့ ခပ်ဖျော့ဖျော့ လင်းလက်နေတဲ့ ကျောက်စိမ်းကတော့ သားရဲကြီး မူလထိန်းသိမ်းထားတဲ့ နေရာမှာပဲ ရှိနေတယ်။ ဒါက သားရဲမိစ္ဆာစောင့်ကြပ်နေတဲ့ အရာပဲ။
အခုတော့ သားရဲမိစ္ဆာက ဘေးထောင့်နားမှာ ရပ်နေပြီး အနားတိုးလာမယ့် လက္ခဏာလည်း မရှိပေ , ဂူထောင့်နားမှာ နောက်တွန့်နေတဲ့ သားရဲမိစ္ဆာမှာ ကြောက်ရွံ့နေတဲ့ ယုန်တစ်ကောင်လိုပဲ။
သိသိသာသာပဲ ကုရန် နည်းနည်းလောက် ရှေ့တိုးလိုက်တဲ့အခါ ရက်စက်ကြမ်းကြုပ်ပြီး မယှဉ်ပြိုင်နိုင်သော သားရဲမိစ္ဆာက အခုတော့ ပိုကြာကြာ ပုန်းအောင်းနေချင်ပုံပဲ။
ရုပ်ရည်ကြောင့်ဆိုရင် ကုရန်တစ်ယောက် သူ့ရဲ့ အခုရုပ်ရည်ကို မဆိုးဘူးလို့ ထင်တာပဲ။ ဒါဆို သားရဲမိစ္ဆာက သူ့ကို သရဲတစ်ကောင်လို ဘာကိစ္စ ကြည့်နေရတာလဲ....
ဒါက ကိစ္စကောင်းဖြစ်ပြီး သူ့အတွက် ပြဿနာအများကြီး ဖြစ်စေမယ့်အကြောင်းမှ ကယ်ဆယ်ပေးလိုက်ပေမဲ့လည်း ဒီထူးဆန်းလွန်းတဲ့ အခြေအနေကြီးကြောင့် ကုရန် အနည်းငယ် ဆွံ့အသွားမိပါတယ်။
[ ထောင်းထျဲ့သားရဲရဲ့ အနံ့က သာမန်သားရဲတွေအတွက် အမှန်တကယ်ပဲ သရဲတစ်ကောင်ကို မြင်ရတာနဲ့ တူပါတယ်။ ] Host ရဲ့ အတွေးများကို ဖတ်ရှုပြီးတော့ 037လေးက ပြန်လည်ရှင်းလင်းဖြေကြားပေးလိုက်တယ်။
"ဪ ဒါက အကြောင်းရင်းကိုး..." ကုရန်က ဝိညာဉ်စွမ်းအားနှိပ်ကွပ် ကျောက်စိမ်းဆီ ဆက်တိုးသွားပြီး ဒီရှင်းပြချက်ကို မြန်မြန်ဆန်ဆန် လက်ခံလိုက်တော့တယ်။
သူ ဒီလိုဖွဲ့စည်းမှုမျိုးကို အထူးတလည် မရေးသားခဲ့ပေမဲ့ သီအိုရီအရဆို ဒါက တကယ့်အကြောင်းရင်းပဲလေ။
ထောင်းထျဲ့သားရဲတွေက ရှေးဟောင်း ဒဏ္ဍာရီလာ သတ္တဝါတွေလေ , သူတို့ရဲ့ လယ်ဗယ်ကွာခြားမှုကြောင့် ဒီသာမန်သားရဲတွေ ဖိအားခံစားရတာ ပုံမှန်ပါပဲ။ ဒါ့အပြင် အိမ်က အကောင်ပေါက်လေးက နေ့စဉ်နေ့တိုင်း သူ့ကို တွယ်ကပ်နေတတ်တော့ သူ့ကိုယ်ပေါ်မှာ အနံ့ကျန်နေတာ ဖြစ်နိုင်တယ်။
YOU ARE READING
ငါ့ကို သတ်မယ့်သူတွေက ငါလေးကို ကြွေသွားတယ်တဲ့(ဘာသာပြန်)
RomanceDon't repost the commissioned Fanart CV anywhere for commercial purposes! Artist - Liu Liu Liu Silisix ✨ Novel name နဲ့ information အပြည့်အစုံကို အထဲမှာ ရေးသားပေးထားပါတယ်။ Start Date- 12.7.2021