[Unicode]
လျို့ဝှက်နယ်မြေ ပွင့်မယ့်အချိန်က နောက်ငါးရက်ကြာမှ ဖြစ်တယ်။ ရွေးချယ်ခံထားရတဲ့ တပည့်တွေလည်း သူတို့ကိုယ်ပေါ်မှာ ကာကွယ်ရေး အဆောင်စာရွက်မျိုးစုံ သိမ်းဆည်းထားကြပြီးပြီ။ တကယ်တော့ လျို့ဝှက်နယ်မြေက လူမသိတဲ့နေရာတစ်ခု ဖြစ်တာကြောင့် အထဲမှာ အရာအားလုံးနဲ့ ကြုံတွေ့ရနိုင်တယ်။ အခွင့်အရေးတွေက အန္တရာယ်နဲ့အတူ တွဲဖက်နေပြီး လုံခြုံရေးအတိုင်းအတာတွေကလည်း မရှိမဖြစ် ပါဝင်နေပါတယ်။
ရှဲ့ယွီက ဂိုဏ်းချုပ်ရဲ့ အနီးကပ်တပည့် ဖြစ်တယ်။ ကုရန်ရဲ့ မှတ်ဉာဏ်အရဆို ဂိုဏ်းချုပ်က သူနဲ့ သစ်သားဝိညာဉ်စွမ်းအား သွေးကြောချင်းတူတဲ့ ထိုတပည့်ကို အထူးအရေးပေးနှစ်ခြိုက်တယ်။ ဒါကြောင့် ကုရန်တစ်ယောက် ထိုတပည့်ကို အဆောင်လက်ဖွဲ့လိုပစ္စည်းမျိုးတွေ ပေးစရာမလိုတော့ပေ။
တောင်သခင်ငါးဦးအနက်မှ ဒီတစ်ကြိမ်ပဲ သူ အရွေးခံရတယ်။ ဘာပဲဖြစ်ဖြစ် ရှဲ့ယွီအတွက် ဝိညာဉ်စွမ်းအားလက်နက်တစ်ချို့ ပြင်ဆင်ပေးသင့်ပါတယ်။ သူ့ရဲ့ ကိုယ်ပိုင်တပည့်လေးအတွက်တော့.......
" မင်းရဲ့ဆရာသခင်က ဒီဝတ်စုံပေါ်မှာ အကာအကွယ်သုံးခု တည်ဆောက်ပေးထားတယ်။ ဗဟိုချက်ဖွဲ့စည်းခြင်းအဆင့် ရှိတဲ့ ကျင့်ကြံသူတစ်ယောက်က မင်းကို တိုက်ခိုက်လာတာတို့ ဒါမှမဟုတ် တစ်စုံတစ်ယောက်က ဝိညာဉ်စွမ်းအားလက်နက်တစ်မျိုး သုံးလာခဲ့တာ မဟုတ်ခဲ့ရင် ဒီအကာအကွယ် စည်းသုံးစည်းကို ကျိန်းသေပေါက် မထိုးဖောက်နိုင်ဘူး။ " ဘယ်သူက သူတို့ကလေးကို မစိုးရိမ်ဘဲနေမှာလဲ? ဒီနှစ်ရက်မှာ ကုရန်တစ်ယောက် ဒီအကာအကွယ်စည်းတွေ ဖွဲ့စည်းမှုအပေါ်ပဲ သူ့အချိန်တွေကို ကုန်ဆုံးစေခဲ့တယ်။
အဝတ်တစ်ထည်ပေါ်မှာ ဒီလိုအားကောင်းတဲ့ သုံးထပ်အကာအကွယ် ကွန်ရက်တစ်ခုကို အရွယ်ကျုံ့နိုင်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စ မဟုတ်ပါချေ။ ဒါက ခက်ခဲမှုအဆင့်ကို သုံးဆလောက် တိုက်ရိုက်မြှင့်တင်ပစ်လိုက်တာပဲ။
ဒီအချိန်မှာ ပေါင်ပေါ်မှ ထောင်းထျဲ့ပေါက်လေးက ကုရန် ညွှန်ပြနေသော ဝတ်စုံအတွင်းထဲ တိုးဝင်လိုက်ပြီး နောက်ဆုံးမှာတော့ ခေါင်းသေးသေးလေး ပြန်ထွက်လာကာ စိတ်ကျေနပ်ကြောင်း မြောင်သံတိုးတိုးပြုတော့တယ်။
YOU ARE READING
ငါ့ကို သတ်မယ့်သူတွေက ငါလေးကို ကြွေသွားတယ်တဲ့(ဘာသာပြန်)
RomanceDon't repost the commissioned Fanart CV anywhere for commercial purposes! Artist - Liu Liu Liu Silisix ✨ Novel name နဲ့ information အပြည့်အစုံကို အထဲမှာ ရေးသားပေးထားပါတယ်။ Start Date- 12.7.2021