[Unicode]
အေးစက်စက် မျက်နှာထားနဲ့ ကျင့်ကြံသူက သူ့ရင်ခွင်ထဲမှာ ကြောင်သေးသေးလေးတစ်ကောင်ကို ဂရုတစိုက် ချီပွေ့ထားတယ်။ တပည့်တွေအားလုံးရဲ့ မျက်နှာပေါ်မှာ ရေးထားတဲ့ ' အလွန်အမင်း အံ့အားသင့်နေရပါတယ် ' ဆိုတာတွေကတော့ ထုတ်ပြောနေစရာကို မလိုတော့ပေ။
ဒီတောင်သခင်က အရမ်း အေးတိအေးစက်နိုင်ပြီး လူတွေအနားသွားရမှာကို မုန်းတီးမှန်း ဒီဂိုဏ်းထဲမှာ မသိသေးတဲ့သူများ ရှိသေးတာလား? ဘယ်သူမဆို သူ့နား နည်းနည်းလောက်လေး ကပ်သွားခဲ့ရင် တစ်ကိုယ်လုံး ရေခဲရိုက်အော်ရာတွေ စိမ့်ထွက်လာတော့တယ်။
တိရစ္ဆာန်တွေက ချွင်းချက်လား?
အကောင်ပေါက်လေးရဲ့ နောက်ကျောကို ပွတ်သပ်ချော့မြှူပေးနေတဲ့ တောင်သခင်ရဲ့ လက်ချောင်းများက နူးညံ့သိမ်မွေ့မှုအပြည့်နဲ့လို့တောင် ပြောနိုင်တယ်။ ဒီမြင်ကွင်းကို မြင်ပြီးတဲ့နောက် တပည့်တွေအားလုံး သူတို့တောင်သခင်ကို ထင်မြင်ချက်တွေ မသိမသာ ပြောင်းလဲသွားတော့တယ်။
သူက အရင်လို ဝေးကွာလွန်းနေပြီး ချည်းကပ်ရခက်ခဲပုံ သိပ်မပေါ်တော့ပေ။
" ဆရာသခင် , ဒီတပည့်က ညီငယ်လေးကျန်းထန်ကို ဒီတစ်မနက်လုံး ဝမ်းယွင်ကွင်းပြင်မှာ မမြင်မိတော့ အရမ်းစိုးရိမ်မိပါတယ်။ ညီငယ်လေး ဒီနေ့ နေမကောင်းလို့လား ဆရာသခင် သိလားခင်ဗျ? "
သိုင်းပညာတစ်ချို့ လေ့ကျင့်ပြီးတဲ့ အရှေ့က တပည့်တစ်ယောက်က မေးလာခဲ့တယ်။သူ့ရှေ့က ကျင့်ကြံသူလေးက ဆရာသခင်ဖြစ်တာကြောင့် စိုးရိမ်မှုနဲ့ ဒီမေးခွန်းမေးမိတာက သူ့အတွက် ပုံမှန်ပါပဲ။
ဒါပေမဲ့ ခေါင်းဆောင်တပည့်ကတော့ ကျင့်ကြံသူလေးက သူ မေးလိုက်တဲ့လူကို ဂရုမစိုက်မှန်း ရှင်းရှင်းကြီး သိနေပါတယ်။
" မသိဘူး။ " ကုရန်တစ်ယောက် မူလပိုင်ရှင်ရဲ့ အကျင့်စရိုက်နဲ့ သိပ်မကွာအောင် အေးတိအေးစက် တိုတိုတုတ်တုတ် ပြန်ဖြေလိုက်တယ်။
မကျန်းမာလိုက်တာ....
ကုရန် သူ့ရင်ခွင်ထဲက အနည်းငယ် လုံးဝိုင်းနူးညံ့နေသော ဘောလုံးလေးကို ပွတ်သပ်ပေးရင်း ဒီအကောင်ပေါက်လေးကို ကောင်းကောင်း ပြုစုပျိုးထောင်ပေးရမယ်လို့ တွေးနေခဲ့တယ်။
YOU ARE READING
ငါ့ကို သတ်မယ့်သူတွေက ငါလေးကို ကြွေသွားတယ်တဲ့(ဘာသာပြန်)
RomanceDon't repost the commissioned Fanart CV anywhere for commercial purposes! Artist - Liu Liu Liu Silisix ✨ Novel name နဲ့ information အပြည့်အစုံကို အထဲမှာ ရေးသားပေးထားပါတယ်။ Start Date- 12.7.2021