Chp :: 43

3K 534 17
                                    

[Unicode]

ပုံသဏ္ဌာန်မရှိတဲ့ အကြွင်းအကျန်ဝိညာဉ်က စကားမပြောနိုင်တာကြောင့် သက်‌သေမရှိဘဲ သေဆုံးတဲ့အမှုပဲ။ ဘာပဲဖြစ်ဖြစ် အလောင်းက လျှို့ဝှက်နယ်မြေထဲမှာ ရှိနေဆဲလေ ဒါကြောင့် လူသတ်သမားက သူ(မ)ရဲ့ရုပ်အလောင်းကို တစ်ခုခု မလုပ်ခဲ့ရင်တောင် အလောင်းက သားရဲကောင်တွေ စားလို့ အစအနကျန်မှာ မဟုတ်တော့ပေ။ ထိုအလောင်းမှ သက်သေများ ထွက်လာနိုင်စရာလည်း မရှိတော့ပေ။

လျှို့ဝှက်နယ်မြေ ပြန်ဖွင့်မှာက နောက်ဆယ်နှစ်မှဖြစ်တယ်၊ ဒီအချိန်အတောတွင်းမှာ ပြောင်းလဲမှုတွေကလည်း မခန့်မှန်းနိုင်လောက်အောင် ဖြစ်လိမ့်မယ်။ အဲ့အချိန်‌ရောက်ရင် ဆယ်စုနှစ်တစ်ခုတောင် ကြာသွားပြီဖြစ်တဲ့ အမှုနဲ့ပတ်သက်တဲ့ သက်သေတစ်စုံတစ်ရာကို ရှာဖွေဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား?

ဝိညာဉ်ကို အပိုင်းပိုင်း ဖျက်ဆီးပစ်တယ်ဆိုတဲ့ကိစ္စမျိုးက ကျင့်ကြံရေးလောကမှာ မဖြစ်ပွားတာ တော်တော်ကြာခဲ့ပြီ။ သူတို့တွေက အခု အကျဉ်းထောင်မှာ ချုပ်ခံထားရတဲ့ ကျန်းထန်ကို စစ်မေးသော်ငြား အသုံးဝင်တဲ့ အချက်အလက်တစ်ခုမှ မရရှိနိုင်ပေ။

ကျုံးရွှမ်ဂိုဏ်းက ကျင့်ကြံသူတွေက ကျန်းထန်ကို စစဖမ်းခေါ်သွားတုန်းကဆို ရှန်ဝမ်တစ်ယောက် သူ့ဘေးက တိုက်ခိုက်ဖို့ အသင့်ဖြစ်သွားတဲ့ အေးစက်စက် မျက်နှာထားနဲ့ ကုရန်ကို ခပ်မြန်မြန် လှမ်းဆွဲထားလိုက်ရတယ်။

ပွင့်ပွင့်လင်းလင်း ပြောရရင် လူသတ်မှုအကြောင်းရင်းကို မသိရတဲ့ ဒီလိုအမှုမျိုးနဲ့ ရင်ဆိုင်ရတဲ့အခါ သက်သေပစ္စည်းက သူတို့ရှေ့ ရောက်လာရင်တောင် သူတို့ ဂရုစိုက်မှာမဟုတ်ပေ။ သေဆုံးသွားသူရဲ့ နောက်ခံက တအားကြီး ဆန်းဆန်းတင့် ဖြစ်လွန်းတယ်။ ကုရန်သာ လက်တုန့်ပြန်လိုက်ရင် ဂိုဏ်းအချင်းချင်း ဖြေရှင်းရတဲ့အဆင့် ဖြစ်သွားလိမ့်မယ်။

ပြီးတော့ သူတို့က တစ်ဂိုဏ်းတည်းသားချင်း ဖြစ်နေရင်တောင် ရှန်ဝမ်လည်းပဲ ကျန်းထန် အပြစ်ကင်းတယ်လို့ မယုံကြည်ပါဘူး။ တကယ်တော့ သက်သေက သူတို့ရှေ့တည့်တည့်မှာ ‌ရှိနေတာလေ။ ထိုကောင်လေးအပေါ် သူ့အမြင်က တစ်ချိန်လုံး အေးတိအေးစက် မျက်နှာထားနဲ့ စကားနည်းနည်းပဲ ပြောတယ်၊ သူ့ဆရာသခင်လိုပေါ့။ ဒီလိုအကျင့်မျိုး ရှိတဲ့ကလေးတစ်ယောက်က အတော်လေး စိတ်မချမ်းမြေ့စရာပဲ။

ငါ့ကို သတ်မယ့်သူတွေက ငါလေးကို ကြွေသွားတယ်တဲ့(ဘာသာပြန်) Where stories live. Discover now