[Unicode]
သူတို့နှစ်ဖက်ကြားက စေ့စပ်ညှိနှိုင်းမှုကလည်း ချောချောမွေ့မွေ့ ပြီးဆုံးသွားခဲ့တယ်။
တစ်ဖက်နဲ့ တစ်ဖက် ကိုယ်ရေးအကြောင်းအရာတွေ အတည်ပြုဖလှယ်ပြီးတဲ့နောက် သူ့ရှေ့ကလူတွေက သူ့ပွေ့ချီထားတဲ့ ဟေးဒီစ်ကြီးကို လာခေါ်တာပဲ လို့ ကုရန်နားလည်လိုက်တယ်။ သူတို့ရဲ့တာဝန်က commanderကြီးကို ကြယ်အင်ပါယာဆီ လုံလုံခြုံခြုံ ပြန်ခေါ်သွားဖို့ပင်။
ဟေးဒီစ်ကြီးက ကုရန်စကားကိုပဲ နားထောင်တာ မြင်တော့ ထိုလူတွေလည်း ရွေးချယ်စရာမရှိတော့ဘဲ ဒီကိစ္စမှာ ကောင်လေးကို ပူးပေါင်းပေးဖို့ တောင်းဆိုရတော့တယ်။
ကုရန် လက်မခံဘူးဆိုရင်လည်း ထိုလူတွေ သူ့ကို တစ်နည်းနည်းနဲ့ အတင်းအကြပ်ခေါ်သွားမှာပဲ။
နောက်တစ်မျိုးပြောရရင် ရွေးချယ်စရာမရှိပေ။ ဟေးဒီစ်မျိုးနွယ်တွေ ပြည့်နှက်နေတဲ့မြို့တော်ဆီ သွားရတော့မယ်လို့ တွေးမိတာနဲ့ ကုရန် ဦးရေပြားတွေ ထုံထိုင်းလာရတယ်။ စာရေးဆရာတစ်ယောက်က အတွေ့အကြုံကုန်ကြမ်းတွေ အရမ်းရှာချင်ပေမဲ့ အပိုင်းပိုင်းဆုတ်ဖြဲပြီး အစားခံရမယ့် အတွေ့အကြုံကြီးကတော့ ကြိုက်နှစ်သက်စရာ တစ်စက်မှမကောင်းဘူးလို့!
သဘောတူပြီးတဲ့နောက် ကုရန်တစ်ယောက် မျက်မှန်နဲ့ လူငယ်နောက် လိုက်သွားခဲ့တယ်။ သူတို့ကာကွယ်ရမယ့်အရာက သူ့ရင်ခွင်ထဲမှာ ရှိနေတဲ့အတွက် ကိုယ်ရံတော်အဖွဲ့ရဲ့ အလယ်တည့်တည့်ကနေ လျှောက်ရလေတယ်။
ဒီတစ်ချိန်မှာ သူ ထွက်မပြေးနိုင်တော့ပေ။ ကုရန် တွေးရင်း တွေးရင်း လက်ကလည်း သူ့ရင်ခွင်ထဲက ကြောင်ကြီးကို ခေါင်းအစ ခြေအဆုံး ဆက်တိုက်ပွတ်သပ်ပေးနေတယ်။ အဲ့နောက် အမြီးဖွာဖွာလေးက သူ့လက်ကိုဖွဖွလေးပွတ်သပ်ပေးနေတာကို ခံစားမိလိုက်တယ်, ဘယ်လိုပြောသင့်လဲ ကြင်ကြင်နာနာပွတ်သပ်ပေးနေတာပေါ့။
အဲ့နောက် ကြောင်ကြီးရဲ့လည်ချောင်းသံ သဲ့သဲ့လေးကို ကြားလိုက်ရတယ်။ သေချာနားထောင်ကြည့်ရင် ဝက်တစ်ကောင် အီနေသလိုပင်။
ထိုမျက်ဝန်းလှလှများ၏ ငြိမ်ငြိမ်သက်သက် စိုက်ကြည့်ခြင်း ခံနေရတဲ့အတွက် ကုရန် ကြောင်ကြီးရဲ့မေးရိုးလေးကို ခပ်ဖွဖွကုတ်ပေးလိုက်တော့တယ်။
YOU ARE READING
ငါ့ကို သတ်မယ့်သူတွေက ငါလေးကို ကြွေသွားတယ်တဲ့(ဘာသာပြန်)
RomanceDon't repost the commissioned Fanart CV anywhere for commercial purposes! Artist - Liu Liu Liu Silisix ✨ Novel name နဲ့ information အပြည့်အစုံကို အထဲမှာ ရေးသားပေးထားပါတယ်။ Start Date- 12.7.2021