Chp :: 18

5.2K 1K 9
                                    

[Unicode]

   ကုရန်တစ်ယောက် တစ်ဖက်လူ သူ့လည်ပင်းဆီ  လက်လှမ်းလာတာတောင်မှ မတ်မတ်လေး ထိုင်နေရုံမှလွဲ တစ်ချက်မှ မလှုပ်သွားပေ။ ဒီဟေးဒီစ်ကောင် သူ့ကို ပြန်ပေးဆွဲဖို့ အချိန်အကြာကြီး ကုန်ထားရတာ သူ့ကို အခုချိန် လည်ပင်းညှစ်သတ်ဖို့ဆိုတာ မဖြစ်နိုင်လောက်ပါဘူး ဟုတ်တယ်မလား..... အာ?

   ပြင်းလည်း မပြင်း ပျော့လည်းမပျော့တဲ့ အားတစ်ခု သူ့လည်ပင်းနောက်ကို ဖိကပ်လာတယ်။ ထို့အပြင် ထိုလက်သည်တရားခံက သူ့ကို ပြုံးပြနေတာကြောင့် ကုရန် ကြောင်အသွားရတယ်။

   ဒီအခြေအနေကြီးက သာမန်အသိဉာဏ်အတိုင်း မလိုက်ဘူး။ ကုရန်တစ်ယောက် အခြေအနေရဲ့ ဖိအား‌ကြောင့် မျက်နှာသေအဆင့်ထိ ရောက်ရှိသွားရပြီ။

   " 00 ရေ, ဒီသင်္ဘောရဲ့ ထိန်းချုပ်စနစ်ကို လုံးလုံးကျူးကျော်နိုင်ဖို့ အချိန်ဘယ်လောက် ကြာအုံးမလဲ? "

   [ နာရီဝက်ဝန်းကျင်လောက် ] ပြင်းပြင်းထန်ထန် တွက်ချက်ပြီးတဲ့နောက် 037 လေး မယုတ်မလွန် အ‌ဖြေပေးလိုက်တယ်။

   Ivy ဖက်က ကြည့်ရင် မလှုပ်မယှက် ထိုင်နေတဲ့ ဆံနက်ကောင်လေးက သူ့ကို ဥပေက္ခာပြုထားတယ်။

   " ငါ့အစ်ကိုနားမှာ နေရတာ ပျင်းဖို့မကောင်းဘူးလား? " Ivyက ခွန်အားထက် စကားအရာမှာ ပိုကျွမ်းကျင်တယ်။ ဒါ့အပြင် နိုင်ငံရေးသမားတစ်ယောက်ဖြစ်တဲ့ သူ့ရဲ့ ကျွမ်းကျင်ဝါသနာတစ်ခုပင်။

    "....အဆင်ပြေပါတယ်။ " တစ်ချိန်လုံး အသံတိတ်နေရင်လည်း မဖြစ်သေးတော့ ကုရန် မရေမရာသာ ပြန်ဖြေလိုက်တယ်။

   ကြောင်ချစ်တတ်သူအနေနဲ့ ကြောင်တစ်ကောင်ကို တစ်နေ့လုံး ထိုင်ပွတ်သပ်ပေးနေရတာလောက် စိတ်ဝင်စားစရာကောင်းတာ မရှိတော့ပေ။ ဟေးဒီစ်ကြီးနဲ့ တူတူနေဖို့ ရွေးချယ်လိုက်တာ သူ မဟုတ်ပေမဲ့လည်း ဟေးဒီစ်ကြီးကတော့ သူ့ကို နေ့တိုင်း ကပ်တွယ်နေခဲ့တယ်......

   ထိုသို့တွေးရင်း ကုရန် မျက်လွှာချမိသွားတယ်။ကြည့်ရတာ ဟေးဒီစ်ကြီးက သူ့ရဲ့အားနည်းချက်ကို ဆုပ်ကိုင်ပြီး  အချိန်တိုင်း သူ နည်းနည်းလောက်လေး ငြင်းဆန်မှု ပြလိုက်မိရင်တောင် ထိုဟေးဒီစ်ကြီးက လိမ္မာအလိုက်သိလွန်းတဲ့ ကြောင်ကြီးဖြစ်လာပြီး သူ့ကို လာလာပွတ်သပ်ကာ လည်ချောင်းသံလေးတွေ ထုတ်အော်ရင်း ကုရန် လက်ခံလာတဲ့ထိ ပွတ်သီးပွတ်သပ် ကပ်တွယ်နေလိမ့်မယ်----

ငါ့ကို သတ်မယ့်သူတွေက ငါလေးကို ကြွေသွားတယ်တဲ့(ဘာသာပြန်) Where stories live. Discover now