Chp :: 49

2.2K 362 9
                                    

[Unicode]

နတ်‌ဆိုးနန်းတော်မှာ အုပ်စိုးသူအသစ်တစ်ဦး ရှိလာပြီ။

ဒီသတင်းစကားက နတ်ဆိုးလောကတစ်ခုလုံးကို လျင်လျင်မြန်မြန် ပျံ့နှံ့သွားလေရဲ့။ သူတို့ရဲ့ အုပ်စိုးသူအသစ်က ထိပ်ဆုံးနတ်ဆိုးစွမ်းအားရှင်သုံးယောက်ကို တစ်ခါတည်း အနိုင်ယူလိုက်တာတဲ့။ ဒါကြောင့်မို့ ဘယ်နတ်ဆိုးမှ ရူးကြောင်မူးကြောင် ပွဲမရှာရဲကြတော့ပေ။

သူတို့အုပ်စိုးသူ ပြောင်းသွားပြီ။ အခုက သာမန်လူသားတစ်ဦးနဲ့ တူတဲ့ လူငယ်တစ်‌ယောက်ပဲ။ သူ့စွမ်းအားနဲ့ အော်ရာကြောင့် သက်ကြီးပိုင်း နတ်‌ဆိုးတော်တော်များများ ဒီကြောက်မက်ဖွယ် ဖြစ်တည်မှုကို အမှတ်ရသွားကြတယ်။

'ကျားယန်'ဆိုတဲ့ နတ်‌ဆိုးကောင်ဆီက ဝိညာဉ်စွမ်းအား သွန်းလုပ်ကျောက်တုံးနဲ့ အသေးစိတ် လုပ်ဆောင်နည်းကို ရပြီးတာနဲ့ ကျန်းထန်တစ်‌ယောက် ချက်ချင်း ပြင်ဆင်မှု‌တွေ စလုပ်တော့တယ်။

ပိုင်ရှင်အသစ် ကြီးစိုးနေထိုင်နေတဲ့ နန်းတော်အလယ်ဗဟိုနေရာမှာတော့ဖြင့် အိမ်မွေးကြောင်ကြီးတစ်ကောင်က လက်ရှိမှာ လူငယ်လေးတစ်ဦးရဲ့ ရင်ဘတ်ပေါ်မှာ တိုးဝှေ့ပူးကပ်နေရင်း ကျယ်ကျယ်လောင်လောင် မြောင်သံပေးနေလေရဲ့။

ဝိညာဉ်စွမ်းအားသွေးကြောတွေကို ပြန်ပုံဖော်ရတယ်ဆိုတာ အေးဆေးသက်သာရှိလှတဲ့ အလုပ်မျိုး မဟုတ်။ လုပ်ငန်းစဉ်တစ်ရပ်လုံး ပြီးမြောက်ဖို့ အချိန်ယူရတဲ့အပြင် ရရှိလာတဲ့ နာကျင်မှုကလည်း အိပ်ပျော်ရခက်စေတယ်။

ဒီကြောင်ကြီးက ကျင့်ကြံသူလေးကိုယ်ပေါ်မှာ လဲလျောင်းရင်း ပွတ်သပ်ထိကိုင်ခွင့် ပြုထားတယ်။

ဘာလို့ဆို ကျင့်ကြံသူလေး သူ့ကို ပွတ်သပ်ပွေ့ဖက်ထားရင် အာရုံလွှဲလိုက်သလိုဖြစ်ပြီး နာကျင်တာ သက်သာစေလို့။

"အဲ့လောက်လည်း မနာပါဘူး။" သူ့လည်တိုင် အလျက်ခံရလွန်းလို့ ယားကျိကျိ ဖြစ်လာလေရဲ့။ ကုရန် လက်မြှောက်ပြီး ကြောင်ကြီးရဲ့ ကျောကို ပွတ်သပ်ပေးလိုက်တယ်။

သူ့ရင်ဘတ်ပေါ် လှဲနေတဲ့ ကြောင်ကြီးက သူ့ကို လျက်မယ်ဆို အဆူးမပါတဲ့ လျှာဖျားလေးနဲ့ပဲ လျက်တယ်။ လျက်ပြီးရင်လည်း မြောင်သံ အကျယ်ကြီး ပေးပြီး ခေါင်းလေးတိုးကာ ကုရန့်မျက်နှာကို ငုံ့နမ်းတယ်။

ငါ့ကို သတ်မယ့်သူတွေက ငါလေးကို ကြွေသွားတယ်တဲ့(ဘာသာပြန်) Where stories live. Discover now