[Unicode]
ကုရန်က ရှန်းယန်ကို တပည့်အဖြစ် ခေါ်ဖို့ စိတ်ကူးမရှိပါချေ။ ဒီဝင်ခွင့်စာမေးပွဲက သူ့ရဲ့ရည်ရွယ်ချက်ကို အတည်ပြုရုံသက်သက်သာ။ ဆက်ဆံရေးတစ်ခု တည်ဆောက်မယ့် အခြားအရာကိစ္စတွေက နောက်မှလုပ်လည်း ဖြစ်တယ်။
သူက ရှန်းယန်ရဲ့ ချိတ်ပိတ်လက်စွပ်အတွင်းမှာရှိတဲ့ ဗာတီကန်ကြာပန်းကို နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေခြင်းနည်းနဲ့ လိုချင်တာ။ ဘာပဲဖြစ်ဖြစ် ဒီပစ္စည်းက ရှန်းယန်အတွက် သေးသေးလေးတောင် ကောင်းကျိူးမရှိဘူး, သူ့ဘေးနားမှာ ထားထားရင် ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုပဲ ဖြစ်စေလိမ့်မယ်။ သူ ရှန်းယန်နဲ့ အလဲအလှယ်လုပ်ချင်ရင်လည်း မဖြစ်နိုင်တာ မဟုတ်ဘူးလေ။
သူ့ရင်ခွင်ထဲက ဘောလုံးလေးက မပျော်မရွှင်ဖြစ်နေတော့ ကုရန် တစ်ခဏလောက် စဉ်းစားကြည့်ပြီးမှ အကြောင်းရင်းကို သိသွားတော့တယ်။ သိမ်မွေ့နက်နဲသော ခံစားချက်တစ်ခုနဲ့ ကုရန် စစ်ဆေးကွင်းပြင်ကို ကျောခိုင်းခဲ့လိုက်တော့တယ်။
သူ့ရဲ့မျက်နှာသေအမူအရာကြောင့် ကျင့်ကြံသူလေးကို လှမ်းကြည့်နေတဲ့ အတွင်းဂိုဏ်း စောင့်ရှောက်သူလည်း ကျင့်ကြံသူလေး ဘာတွေးနေမှန်း မရိပ်မိနိုင်ပါချေ။
ခုနကတော့ ကျင့်ကြံသူလေးရဲ့ အကြည့်တွေက ရှန်းယန်ဆီမှာ အချိန်တစ်ခုကြာ ရစ်ဝဲနေခဲ့ပေမဲ့ နောက်ခဏလည်းကျရော ထွက်သွားတယ်။ သူ ဒီတပည့်ကို တကယ်နှစ်သက်တာလား မနှစ်သက်တာလား?
ဒီကိစ္စက တစ်နည်းနည်းနဲ့ ဂိုဏ်းချုပ်နား ပေါက်ကြားသွားပြီး ရလဒ်ကတော့ နောက်တစ်နေ့မှာပဲ ဂိုဏ်းချုပ်က ကုရန်ဆီ မှတ်တမ်းတစ်ခု ပို့ပေးလိုက်တော့တယ်။
တပည့်အသစ်လေးများရဲ့ နာမည်ကို ရေးမှတ်ထားတဲ့ မှတ်တမ်းစာအုပ်ပဲ။ အခုတော့ သူတို့က သူ့ကို ပေးလာပြီး သတင်းပို့ပေးသူရဲ့ ပြောစကားအရဆို ဂိုဏ်းချုပ်က သူ လိုချင်တဲ့တပည့်ကို တကယ်ကြီး အရင်ရွေးစေတာပဲ။
ထိုအချိန်တုန်းက ကျန်းထန်ကို သူ့ဆီ တွန်းပို့ခဲ့တဲ့အတွက် ပြန်အလျော်ပေးတာပဲဖြစ်မယ်။ ကုရန်က မှတ်တမ်းစာအုပ်ကို စားပွဲပေါ် တင်လိုက်ရုံရှိသေး ရင်ခွင်ထဲမှာ မူလငြိမ်သက်နေတဲ့ ဘောလုံးလေး စတင်လှုပ်ရှားလာတယ်။ ရင်ခွင်ထဲမှ ခုန်ထွက်ကာ စားပွဲပေါ်က မှတ်တမ်းစာအုပ်ကို သူ့ကိုယ်လုံးနဲ့ ဖိထိုင်ချလိုက်ပြီး ကုရန်ကို တိတ်တဆိတ် မော့ကြည့်နေတယ်။
![](https://img.wattpad.com/cover/277046284-288-k333991.jpg)
YOU ARE READING
ငါ့ကို သတ်မယ့်သူတွေက ငါလေးကို ကြွေသွားတယ်တဲ့(ဘာသာပြန်)
RomanceDon't repost the commissioned Fanart CV anywhere for commercial purposes! Artist - Liu Liu Liu Silisix ✨ Novel name နဲ့ information အပြည့်အစုံကို အထဲမှာ ရေးသားပေးထားပါတယ်။ Start Date- 12.7.2021