[Unicode]
လက်ရှိမှာ အင်ပါယာစစ်တပ်ရဲ့ လေထုအခြေအနေက အတော်လေး တင်းမာနေတယ်။ စစ်သင်္ဘော မောင်းနှင်ဂိမ်းမှာ ဒုတိယအဆင့်ချိတ်ခဲ့တဲ့ 'Guyan' ဆိုသော အမည်မသိလူကို အရင်ရှာတွေ့တဲ့သူရဲ့ ဌာနက အဲ့လူကို အပိုင်ယူခွင့် ရှိတယ်ဆိုပြီး လောင်းထားတာ တစ်ခုရှိတယ်လေ။ စစ်တပ်ရဲ့ ခုနစ်ခုမြောက် ဌာနကလွဲပြီး ကျန်ရှိတဲ့ ခေါင်းဆောင်အားလုံး အရင်ရှာတွေ့တဲ့ ဌာနက ထိုလူကို ခေါ်ယူခွင့်ရှိတယ် ဆိုတာကို အလိုလို သသဘောတူထားကြလေတယ်။
ခုနစ်ခုမြောက် ဌာနရဲ့ commander ကြီးက ထီးနန်းအတွက် ယှဉ်ပြိုင်နေသူတစ်ဦး ဖြစ်ပြီး သူတို့နဲ့ မပေါင်းဘဲ လွတ်လွတ်လပ်လပ် ကိစ္စရပ်တွေကို လုပ်ဆောင်လေ့ရှိတယ်။ ဒါကြောင့် သီးသန့်သဘောတူညီမှုတွေဆို စစ်တပ်ခေါင်းဆောင်တွေက သူ့ကို ထည့်လေ့ထည့်ထမရှိဘူး။
ယှဉ်ပြိုင်သူတိုင်းအတွက် အကြီးအကဲတွေရဲ့ စမ်းသပ်စစ်ဆေးမှုတွေက အင်ပါယာရဲ့ ဓလေ့ထုံးတမ်းဖြစ်တယ်, ခုနစ်ခုမြောက် ဌာနရဲ့ commander ကြီးက အမြဲတမ်း ထူးချွန်ပြောင်မြောက်တယ်, ဘယ်သူကမှ သူ ရှုံးမယ်လို့ မထင်ထားပေ။
ဒါကြောင့် သူတို့ရဲ့ အနာဂတ်ဘုရင်ကြီးနဲ့ သီးသန့် သဘောတူညီမှုတစ်ခု လုပ်ရဲမတဲ့လား? သို့သော်လည်း လဝက်ကျော် ကြာသွားတာတောင် စစ်တပ်တစ်ခုလုံး သူတို့ ပစ်မှတ်လေးရဲ့ အချက်အလက် တစ်စွန်းတစ်စလေးတောင်မှ ရှာမတွေ့နိုင်သေးပေ။
သူတို့ရဲ့ ပစ်မှတ်လေးနဲ့ ပတ်သက်တဲ့ တစ်ခုတည်းသော အချက်အလက် အသစ်က 'Guyan' ဆိုသူမှာ နောက်တစ်ကြိမ် rank ထပ်တင်လာပြီး အရင်ကထက် အမှတ်နှစ်ဆနီးပါးရကာ စံချိန်သစ်ချိုးနိုင်လိုက်ပြီ။
စစ်တပ်ဌာနတွေရဲ့ commander များလည်း နောက်ဆုံးတော့ ငြိမ်မနေနိုင်တော့ပေ။
ယေဘုယျ ပြောရရင် စစ်သင်္ဘော မောင်းနှင်ခြင်း ပြိုင်ပွဲမှာ ပါဝင်တဲ့ သူတစ်ယောက်အတွက် ပုံမှန် လုပ်ထုံးလုပ်နည်းက စာရင်းမှတ်ဖို့အတွက် တိကျပြတ်သားတဲ့ တည်နေရာတစ်ခုကို ပေးရမယ်။ ပြီးတော့ ပြိုင်ပွဲအတွက် 3D ပုံရိပ်စက်ကို ကြီးကြပ်ကွပ်ကဲပေးမယ့် ဌာနဆိုင်ရာ အမှုထမ်းတွေလည်း ရှိရမယ်။ ထိုအခြေအနေမျိုးတွေ ရှိမှ ပါဝင်ယှဉ်ပြိုင်သူရဲ့ ကိုယ်ရေးအချက်အလက်ကို လွယ်လွယ်လေး ရှာဖွေနိုင်မှာပဲ။
YOU ARE READING
ငါ့ကို သတ်မယ့်သူတွေက ငါလေးကို ကြွေသွားတယ်တဲ့(ဘာသာပြန်)
RomanceDon't repost the commissioned Fanart CV anywhere for commercial purposes! Artist - Liu Liu Liu Silisix ✨ Novel name နဲ့ information အပြည့်အစုံကို အထဲမှာ ရေးသားပေးထားပါတယ်။ Start Date- 12.7.2021