Chp :: 11

6.8K 1.2K 30
                                    

[Unicode] 

  စစ်ဌာနချုပ်ရဲ့ ခုနစ်ထပ်မြောက်က သာမန်လူများအတွက် ဖွင့်ပေးထားခြင်း မဟုတ်ပေ။ ၎င်းမှာ ဟေးဒီစ်မျိုးနွယ်တို့ရဲ့ အမျိုးမျိုးသော စစ်ပွဲအောင်ပွဲဆင် လက်နက်များနဲ့ ပြောင်မြောက်လှတဲ့ စက်ပစ္စည်းကိရိယာများကြောင့် ကျော်ကြားလေတယ်။ အကျော်ကြားဆုံးပစ္စည်းကတော့ ဟေးဒီစ်မျိုးနွယ်ရဲ့ ဒသမမြောက်ဘုရင် အသုံးပြုခဲ့တဲ့ တိုက်ခိုက်ရေးစက် 'ငွေဓားသွား' ပဲ ဖြစ်တယ်။

   Eliက ဆံနက်ကောင်လေးကို ပြတိုက်ကို အလည်အပတ်ခေါ်တဲ့အခါ လူတိုင်း အလွန် အံ့အားသင့်သွားရတယ်။ သို့ပေမဲ့လည်း အံ့အားသင့်တာကလွဲ ထိန်းချုပ်လက်ကောက် နဲ့ စွမ်းအားကြီး ဟေးဒီစ်ကြီးရဲ့ အမှတ်ပြုထားတဲ့ အနံ့များကြောင့် ကုရန်ရဲ့ မျိုးနွယ်အကြောင်းကို ဘယ်သူမှ သတိမထားမိကြပေ။

  ကောင်လေးက စစ်ပွဲသုံး စက်ကိရိယာတွေကို တလေးတစား ကြည့်ရှုလေ့လာနေ‌တာကြောင့် သူ့ဘေးကနေ တိတ်တဆိတ် ငေးကြည့်နေတဲ့ အရွယ်ရောက် ဟေးဒီစ်ကြီးကို သတိမပြုမိတော့ပေ။

  ဒီလူသားလေးက စစ်ပွဲသုံး စက်ကိရိယာတွေကို သဘောကျပုံပဲ။ ဒါက ကောင်လေးကို ဘေးကနေ အကဲခတ်ရင်း ဟေးဒီစ်ကြီး သိရှိလာတဲ့ ကိစ္စပဲဖြစ်တယ်။

   ဟေးဒီစ်မျိုးနွယ်များရဲ့ စွမ်းဆောင်နိုင်စွမ်းက သိပ်ကိုကောင်းတယ်။ ညရောက်တာနဲ့ ကုရန် လက်ဆောင်တစ်ခု ရလိုက်တယ်။

  ကုရန်တစ်ယောက် သူ့ကံကြမ္မာကို လက်ခံလိုက်ပြီ ဖြစ်တဲ့အတွက် ဟေးဒီစ်ကြီးရဲ့ ကြောင်ကြီးအသွင်ကို ငေးကြည့်နေလေတယ်။ ငွေဖြူရောင် အစင်းများနဲ့ ကြောင်ကြီးက သူ့ခြေထောက်ပေါ်ကနေ ဖြည်းဖြည်းချင်း တက်လာတာ မြင်တော့ သူ့မျက်ခုံးတွေ လှုပ်သွားရတယ်။

  အထူးသဖြင့် သူ့ကိုယ်သူ ဒီကြောင်ကြီးရဲ့ သခင်ဆိုပြီး ရေးခဲ့မိတာကို ပြန်တွေးရင်း ကုရန်မျက်ခုံးတွေ ပိုလို့တောင် ကြောက်မက်ဖွယ် တုန်ယင်သွားတော့တယ်။

   သူက တည်ကြည်ဖြောင့်မတ်တဲ့ စာရေးဆရာတစ်ယောက်......

   "မြောင်"

ငါ့ကို သတ်မယ့်သူတွေက ငါလေးကို ကြွေသွားတယ်တဲ့(ဘာသာပြန်) Where stories live. Discover now