[Unicode]
ဟေးဒီစ်ကြီးက ထိန်းထိန်းသိမ်းသိမ်း မလုပ်ခဲ့ဘူးလို့ ပြောရင် လုံးဝ မမှန်ပါဘူး။ သူ ကောင်လေးကို ဆိုဖာပေါ်မှာ မျက်ရည်လည်ရွှဲ ဖြစ်တဲ့ထိပဲ ချစ်တင်းနှောခဲ့တာ, မဟုတ်ရင် ကောင်လေး လက်တစ်ချောင်းတောင် မလှုပ်နိုင်တော့ထိ ချစ်တင်းနှောခဲ့မှာပေါ့။
ကောင်လေး ပြောစကားအရ သူတို့ မနက်ဖြန် အရမ်းအရေးကြီးတဲ့ တာဝန်တစ်ခုအတွက် အပြင်ထွက်ကြမှာကို ဟေးဒီစ်ကြီး နားလည်ပါတယ်။ အဲ့ဒါကြောင့်မို့လို့လည်း ကောင်လေး အပြင်ထွက်လို့ ရနိုင်လောက်တဲ့ ခွန်အားလေးကို ရည်ရွယ်ချက်ရှ်ိရှ်ိ ချန်ပေးထားပါသေးတယ်။
သူ့အောက်က ကောင်လေးကတော့ ပင်ပန်းနွမ်းနယ်လွန်းလို့ အိပ်ပျော်သွားပြီ, မျက်နှာသေနဲ့ ဟေးဒီစ်ကြီးက ခေါင်းငုံ့ကာ မျက်ရည်ကြည်တွေ တွဲခိုနေသေးတဲ့ ကောင်လေးရဲ့ မျက်ခွံလေးပေါ် ခပ်ဖွဖွ အနမ်းပေးလိုက်တယ်။
သူ့ ပစ္စည်းက ကောင်လေးကိုယ်ထဲမှာ ခပ်နက်နက် သွင်းထားတုန်းပဲ။ သူကိုယ်တိုင်လည်း အချိန်တစ်ခုလောက်ထိ ပြန်မထုတ်ချင်သေးပေ။
သူ ရှေ့ဆက်ချင်ပေမဲ့လည်း ကောင်လေးက ပင်ပန်းလွန်ပြီး အိပ်ပျော်သွားပြီလေ။ သူသာ ဆက်လှုပ်ရှားမိရင် ......
" အ့ ... " သာယာမှုလှိုင်းလေးတစ်ခုက သူ့တစ်ကိုယ်လုံးကို လျှပ်စစ်စီးကြောင်းလို ရုတ်တရက် ဖြတ်စီးသွားခဲ့တယ်။ သူ့ရဲ့ ပင်ပန်းနေတဲ့ မျက်ခွံတွေ အနည်းငယ် တုန်ယင်သွားကာ နူးညံ့တဲ့ ညည်းတွားသံလေး ထွက်လာတော့တယ်။
ကုရန် အသံကြောင့် ဟေးဒီစ်ကြီးရဲ့ မျက်ဝန်းတွေ ချက်ချင်းလက်ငင်း ကျဉ်းမြောင်းသွားတော့တယ်။ အဆုံးမှာတော့ သူ့ကိုယ်သူ ထိန်းထားလိုက်နိုင်ပါသေးတယ်။
အိပ်ပျော်နေသော ကောင်လေးနား ပိုပြီး တိုးကပ်သွားရင်း ကောင်လေးရဲ့ နားရွက်နား ' မြောင် ' လို့ တိုးတိုးလေး ကပ်အော်ကာ စိမ်းပုတ်ရောင် မျက်ဝန်းတစ်စုံကလည်း ကောင်လေးကို စေ့စေ့စပ်စပ် ငေးကြည့်နေတော့တယ်။ ထို့နောက် ဟေးဒီစ်ကြီးက ကောင်လေးကို သူ့ရဲ့ အဖိုးတန်လေး ရတနာတစ်ပါးလို ဘေးကနေ စောင့်ကြပ်ပေးနေတော့တယ်။

YOU ARE READING
ငါ့ကို သတ်မယ့်သူတွေက ငါလေးကို ကြွေသွားတယ်တဲ့(ဘာသာပြန်)
RomanceDon't repost the commissioned Fanart CV anywhere for commercial purposes! Artist - Liu Liu Liu Silisix ✨ Novel name နဲ့ information အပြည့်အစုံကို အထဲမှာ ရေးသားပေးထားပါတယ်။ Start Date- 12.7.2021