Chp :: 15

6.2K 1K 21
                                    

[Unicode] 

  ကုရန် နေ့လည်နိုးလာတဲ့အခါ မရင်းနှီးတဲ့ နေရာတစ်ခုထဲ ရောက်နေတော့ ကြောင်အသွားရတယ်။

   "ကိုယ်တို့တွေ ပန်ဒိုရာကနေ အကူအညီအချက်ပြစနစ်ကို ရလိုက်လို့လေ။ " ကောင်လေးနိုးလာတာ မြင်တော့ ဘေးနားမှာ တိတ်တဆိတ်  ထိုင်နေတဲ့ ငွေရောင်ဆံနွယ်ပိုင်ရှင် commander ကြီးက ရှင်းပြလာခဲ့တယ်။

   ကောင်လေးရဲ့အတွေးတွေ ရှုပ်ထွေးနေမှာကို သတိပြုမိတော့ ရှင်းပြလေ့မရှိတဲ့ ဟေးဒီစ်ကြီးက ကောင်လေးကို ငေးကြည့်ရင်း ညင်သာစွာ ကတိပေးလိုက်တယ် " ကိုယ် မင်းကိုကာကွယ်ပေးမယ်။"

   သူ ကောင်လေးကို သူ မမြင်နိုင်တဲ့နေရာမှာ မထားခဲ့နိုင်ပါဘူး။ ကောင်လေးကို အကြာကြီး မမြင်ရရင်တောင် သူ့မှာ စိုးရိမ်‌စိတ်တွေ ကြီးစိုးလာရတာ....

   ကောင်လေးကို သူ့အနားမှာ တစ်ချိန်လုံး တွယ်ချီထားမှာ။ ဒီလိုဆို သူ ကောင်လေးကို အချိန်တိုင်း မြင်တွေ့နိုင်ပြီ။

   ကုရန်တစ်ယောက် သူ့ကို ငေးစိုက်ကြည့်နေတဲ့ ဟေးဒီစ်ကြီးရဲ့ မျက်ဝန်းတစ်စုံက အနည်းငယ် မည်းမှောင်လာတာကို ပြတ်သားစွာ မြင်လိုက်ရတယ်။ ဖိုသီဖတ်သီခံစားချက်ကြီးနဲ့ သူ့ရဲ့ပထမဆုံး တုန့်ပြန်မှုက ခေါင်းညိတ်ပြလိုက်တာပင်။

   အဲ့နောက် သူ တစ်ခဏလောက် တုန့်ဆိုင်းနေပြီးမှ သူ့လက်တွေကို မြှောက်ကာ ငွေရောင်ဆံနွယ်တွေကို ပွတ်သပ်ပေးလိုက်တယ်....ပုံမှန်လုပ်နေကြအတိုင်းပေါ့။

   သို့ပေမဲ့လည်း သူ့ရှေ့မှာ ထိုင်နေတဲ့ ဟေးဒီစ်ကြီးနဲ့ အကြည့်ချင်းဆုံမိတော့ မနေ့က အဖြစ်အပျက်များကို ပြန်လည်မြင်ယောင်မိလာတယ်။ သူ ရှက်ရဲရဲဖြစ်သွားပေမဲ့ ထွက်ပြေးချင်စိတ်တော့ မရှ်ိပေ။

   သူ ပွတ်ပေးလိုက်တဲ့အချိန်မှာ commander ကြီးရဲ့ မျက်ခွံ‌လေး အနည်းငယ်လှုပ်သွားတာကို မြင်လိုက်ရတယ်။ သူ စောစောပိုင်းက ခံစားမိနေတဲ့ အန္တရာယ်ငွေ့တွေ လျော့ပါးသွားပုံပင်။ အခုဆို သိမ်မွေ့လိမ္မာလွန်းတဲ့ ဟေးဒီစ်ကြီးကြောင့် ကုရန် နွေးထွေးမှု သေးသေးလေးကိုတောင် ခံစားမိတယ်။

ငါ့ကို သတ်မယ့်သူတွေက ငါလေးကို ကြွေသွားတယ်တဲ့(ဘာသာပြန်) Where stories live. Discover now