[Unicode]
တိတ်ဆိတ်ကျယ်ပြန့်လွန်းတဲ့ စကြဝဠာထဲမှာ ဆာရီယန် တံဆိပ်ပါတဲ့ သင်္ဘောတစ်စီး ကြယ်တာရာ အပြင်ဖက်က ဂြိုဟ်ပြာဆီ ရွက်လွှင့်မောင်းနှင်လာလေရဲ့။ ဟေးဒီစ်အင်ပါယာရဲ့ လက်ရှိ ထိပ်ဆုံးအလိုရှိစာရင်းဝင် ရာဇဝတ်သား ဖြစ်တဲ့ တတိယမြောက်မင်းသားဟောင်း Ivy Osrian ကတော့ ထိုသင်္ဘောထဲမှာ ရှိနေတာပင် ဖြစ်တော့သည်။
သူက သူ့လက်ထဲက နီညိုရောင် အရည်တွေ ထည့်ထားတဲ့ ပြွန်အသေးတစ်ချောင်းနဲ့ ဆော့ကစားနေလေရဲ့။ ပြောကြတာတော့ ဒါက ဆာရီယန်တွေ မကြာသေးမီက လေ့လာစမ်းသပ်ထားပြီး ဟေးဒီစ်မျိုးနွယ်အတွက် အထူးပြုလုပ်တီထွင်ထားတာတဲ့။ သူ့ကို လာပေးတဲ့ ဆာရီယန်တစ်ယောက် ပြောပုံအရဆို ဒီပစ္စည်းလေးက ဟေးဒီစ်မျိုးနွယ်အတွက် သေစေနိုင်လောက်အောင် အန္တရာယ်များတယ်။
မင်းသာ ဒီအရည်ကို လေထဲ ထိတွေ့စေလိုက်မယ်ဆိုရင် ၁၂မီတာအတွင်းမှာ ရှိနေတဲ့ ဟေးဒီစ်အားလုံး အဆိပ်မိသေဆုံးသွားလိမ့်မယ်။ ဆာရီယန်တွေက Ivy အရင်တစ်ခေါက် မစ်ရှင်ကျဆုံးထားတာကြောင့် သူ့ကို အထောက်အပံ့အများကြီး မပေးချင်ကြပေ။
ကြယ်တာရာ အပြင်ဖက်က ဂြိုဟ်တွေအားလုံးက လူသိနည်းတာကြောင့် သူတို့တွေက ဟေးဒီစ်တစ်ယောက်က ပေးတဲ့ အကြံဉာဏ်ကို အပြည့်အဝ မယုံကြည်နိုင်ကြပေ။ ခြုံခိုတိုက်ခိုက်မှု တစ်ခုသာဆို ဖြစ်နေခဲ့ရင် သူတို့အင်အားစုကို အကြီးကြီး အားနည်းသွားစေနိုင်လို့လေ။
Ivy အတွက်တော့ ထိခိုက်မှုတစ်ခု မဟုတ်ပေ, အစတည်းက ဆာရီယန်တွေဆိုတာ လောဘကြီးသလို ကြောက်ရွံ့တတ်တဲ့ မျိုးနွယ်စုပဲ။ ဇီဝ နဲ့ဓာတုဗေဒဆိုင်ရာ လက်နက်ကိရိယာတွေ ထုတ်လုပ်နိုင်တဲ့ စွမ်းရည်ကြောင့်သာ အဆင့်၆ လူမှုအဖွဲ့အစည်း ဖြစ်နေကြတာ။
ဒါပေမဲ့ ဟေးဒီစ်မျိုးနွယ်ရဲ့ တစ်စတစ်စ တိုးတက်များပြားလာတဲ့ စွမ်းရည်တွေကြောင့် ဒီလိုပစ္စည်းမျိုးကို အကြိမ်အနည်းငယ်လောက် သုံးပြီးတာနဲ့ စတင် ၎င်းကိရိယာရဲ့ စွမ်းအင် ကျဆင်းလာတော့တယ်....
တစ်ခါဆို လုံလောက်ပြီ။ ငယ်ရွယ်တဲ့ နိုင်ငံရေးသမား, ဟေးဒီစ်အင်ပါယာရဲ့ အလိုအရှိဆုံးရာဇဝတ်သားက မျက်မှောင်ကြုပ်လိုက်တယ်။ သူ သူ့ရဲ့အစ်ကိုကို လက်ဆောင်တစ်ခု သွားပေးတော့မယ်လေ။
YOU ARE READING
ငါ့ကို သတ်မယ့်သူတွေက ငါလေးကို ကြွေသွားတယ်တဲ့(ဘာသာပြန်)
RomanceDon't repost the commissioned Fanart CV anywhere for commercial purposes! Artist - Liu Liu Liu Silisix ✨ Novel name နဲ့ information အပြည့်အစုံကို အထဲမှာ ရေးသားပေးထားပါတယ်။ Start Date- 12.7.2021