Chp :: 28

3.6K 749 7
                                    

[Unicode]

ကောင်လေးနဲ့ လက်ထပ်လက်စွပ်သွားဝယ်ပြီး ပြန်လာခဲ့တဲ့ နေ့ကစပြီး ကြောင်ကြီးအသွင် ဟေးဒီစ်ကြီးမှာ သူ့လည်ပင်းမှာ ချိတ်ဆွဲထားတဲ့ ‌လက်စွပ်လေးကို မကြာမကြာ ငုံ့ကြည့်ရင်း မျက်လုံးကျဉ်းမြောင်းကာ ကောင်လေးဝတ်ဆင်ထားတဲ့ ဆင်တူလက်စွပ်လေးဆီ လှမ်းကြည့်လိုက်တယ်။

သူ့ရဲ့ အဖိုးတန်ဆုံး ရတနာက ဒီရောက်နေပြီ။ သူ ဒါကို ဂရုတစိုက် ကာကွယ်ရမယ်။

" မြောင်? "

မူလက ကောင်လေးပေါင်ပေါ်မှာ ထိုင်နေတဲ့ ဟေးဒီစ်ကြီးက ဘေးဖက်သို့ ရုတ်တရက် ချပေးခံလိုက်ရတာကြောင့် မေးခွန်းထုတ်သလို ခပ်တိုးတိုး အသံပေးလေတယ်။

" ရေခဲသေတ္တာထဲမှာ ဘာမှမရှိတော့ဘူး။ ငါ အပြင်ထွက်ပြီး စားစရာတွေ ထွက်ဝယ်လိုက်အုံးမယ်နော်။ "

ကုရန်က မတ်တပ်ထရပ်ရင်း ကြောင်ကြီးရဲ့ နောက်ကျောလေးကို ပွတ်သပ်ပေးလိုက်တယ်။

ရေခဲသေတ္တာထဲမှာ တကယ် ဘာမှ မရှိတော့ဘူး။ သူသာ တစ်ခုခု ထွက်မဝယ်ရင် ညစာအတွက် ဘာမှ မရှိတော့ဘူး။ သူ့ရဲ့မူလကမ္ဘာမှာဆို ကုရန်က သူ့ကိုယ်တိုင်နဲ့ ကြောင်လေးအတွက် နေ့တိုင်းထောက်ပံ့ပေးရတာ အသားကျနေပြီးသားဖြစ်တယ်။

ချက်ပြုတ်ရေးကတော့ လိုအပ်တဲ့စကေးတစ်ခု ဖြစ်တယ်။

သူ့ရဲ့ချက်ပြုတ်ရေးစကေးက အကောင်းဆုံးလို့ ပြောမရပေမဲ့ စားလို့အဆင်ပြေတဲ့ အဆင့်တော့ ရှိတယ်။

" မြောင် "

ဟေးဒီစ်ကြီးက ကောင်လေးကို ခေါင်းလေးအနည်းငယ် စောင်းကာ ကြည့်နေခဲ့တယ်, ကောင်လေးက သူ့ကို ခေါ်သွားဖို့ အစီအစဉ်မရှိတာကို သူ နားလည်လိုက်ပါတယ်။

ခေါင်းစောင်းကြည့်နေတာ မြင်တော့ ကုရန်က ကြောင်ကြီးရဲ့ ခေါင်းကို ဆက်လက်ပွတ်သပ်ပေးရတယ်။ လက်ချောင်းများက ကြောင်ကြီးရဲ့ မေးရိုးကို ခပ်ဖွဖွ ကုပ်ပေးရင်း "ခဏလေးပဲ သွားမှာပါ။ ငါ မကြာခင် ပြန်လာခဲ့မယ် ,ချုံချုံ လိမ္မာရမယ်‌နော်။"

ကြောင်ကို ချီပြီး အစားအစာရွေးရတာ မလွယ်ကူဘူးလေ။

သူ့မေးရိုးက ဖွဖွလေး အကုပ်ခံနေရပြီး ဟေးဒီစ်ကြီးက တစ်ခဏလောက် ငြင်းဆန်နေပြီးမှ ကောင်လေးရဲ့ စကားကို လက်ခံကြောင်း ခပ်တိုးတိုး အသံပေးလေတယ်။ ဒီကြောင်ကြီးက သူ့မူလကမ္ဘာက ကြောင်ထက် ပိုပြီး နှစ်သိမ့်ရလွယ်တယ်။

ငါ့ကို သတ်မယ့်သူတွေက ငါလေးကို ကြွေသွားတယ်တဲ့(ဘာသာပြန်) Where stories live. Discover now