Chp :: 34

4.6K 830 24
                                    

[Unicode]

ဂျွတ်

ဂျွတ် ဂျွတ် ။

ဘောလုံးလေးနဲ့ တူတဲ့ အကောင်ပေါက်လေးဆီကနေ ထိုတဂျွတ်ဂျွတ် ဝါးစားသံတွေ ထွက်လာနေတာ ဖြစ်တယ်။ ဘောလုံးလေးက ကျင့်ကြံသူလေးရဲ့ ပေါင်‌ပေါ်မှာ လဲလျောင်းနေပြီး ခေါင်းသေးသေးလေးကလည်း ကုရန်ရဲ့ လက်ဖဝါးကို တိုးဝှေ့ပွတ်သပ်နေကာ သူ့ကို ပေးထားတဲ့ ' စားစရာ ' ကို နောက်ထပ်တစ်ကိုက် ထပ်ကိုက်စားလိုက်တယ်။

သူ့လက်ထဲက ဝိညာဉ်ကျောက်တုံး ကုန်သွားတော့ ကုရန်က သစ်သားသေတ္တာထဲမှာ စုဆောင်းထားတဲ့ ဝိညာဉ်ကျောက်စိမ်းတုံးတစ်တုံးကို ထပ်ထုတ်ကာ ဘောလုံးလေး စားဖို့ ပေါင်ပေါ်မှာ တင်ပေးလာတယ်။

မနေ့ညက ဘောလုံးလေးက အဲ့ဝိညာဉ်ကျောက်တုံးကို ဘာမပြောညာမပြောနဲ့ တစ်ကိုက်ကိုက်စားပစ်လိုက်တာကြောင့် ကုရန်ခမျာ လန့်ဖျပ်သွားပြီး ဘောလုံးလေးကို မြှောက်ချီကာ အဆင်ပြေရဲ့လား‌ဆိုတာ စိုးရိမ်တကြီး စစ်ဆေးမိလိုက်သေးတယ်။

ရလဒ်ကတော့ သူ ချီထားတဲ့ အကောင်ပေါက်လေးက ခပ်တိုးတိုး မြောင်သံပေးပြီး သူ့လက်ချောင်းလေးတွေကိုတောင် လျက်ပေးလာသေးတယ်။ ဒီအခြေအနေထက် ပိုကောင်းတာ မရှိနိုင်တော့ပြီ။

ထိုအချိန်တုန်းက သူ စဉ်းစားကြည့်မှ ဘောလုံးလေးက တကယ့် ကြောင်အစစ် မဟုတ်ဘူး‌ဆိုတာပါပဲ။

ထောင်းထျဲ့သားရဲရဲ့ ဖြစ်တည်မှုက သာမန်နတ်ဆိုးသားရဲများနဲ့ မတူညီတာကြောင့် ဒီလိုအသွင်ပုံစံလေးက လူတွေကို တကယ်ပဲ မျက်စိမှားစေတယ်။ သူတို့မှာ ကျင့်ကြံသူတွေ အလိုလို သိနိုင်မယ့် နတ်ဆိုးအော်ရာများလည်း ရှိမနေပေ။

" မြောင် "

နှစ်တုံးစားပြီးတဲ့နောက် ဘောလုံးလေးကို တတိယမြောက်တစ်တုံး ထပ်ကျွေးတော့မယ့်အချိန်မှာ ဘောလုံးလေးက ကျင့်ကြံသူလေးရဲ့ ဆန့်ပေးထားတဲ့ လက်ဖဝါးကို လှမ်းမထိတော့ဘဲ ဒီတိုင်း မော့ကြည့်လာပြီး ခပ်တိုးတိုး အသံပြုလိုက်တယ်။

" ထပ်မစားချင်တော့ဘူးလား? " ထိုသို့မေးပြီး ကုရန်က ဘောလုံးလေးရဲ့ ဝမ်းဗိုက်လေးကို ပွတ်သပ်ပေးဖို့ လက်လှမ်းလာတော့တယ်။ တစ်ဖက်ဘောလုံးလေးကလည်း အလျင်အမြန် တုန့်ပြန်လာပြီး အထိအတွေ့ကို ခံစားမိတာနဲ့ ကျယ်ကျယ်လောင်လောင် အော်မြည်လာကာ သူ့ဗိုက်လေးကို လှိမ့်ပေးလာတယ်။

ငါ့ကို သတ်မယ့်သူတွေက ငါလေးကို ကြွေသွားတယ်တဲ့(ဘာသာပြန်) Where stories live. Discover now