[Unicode]
ဆံနက်ကလေးလေးက သူ့ပေါင်ပေါ်မှာ မျက်နှာအပ်ထားတာကြောင့် မျက်နှာအမူအရာကို သေချာမမြင်နိုင်ပေ။ ကုရန်က ကလေးလေးရဲ့ ခေါင်းဆီ လက်လှမ်းပွတ်သပ်ပေးပြီး တုန်ယင်နေသော ကျောပြင်ကို ဖွဖွလေး ပုတ်ကာ နှစ်သိမ့်ပေးလိုက်တယ်။
တကယ်တော့ သူ ဂိုဏ်းကို ထိခိုက်စေမယ့် ကိစ္စမျိုးတွေ မလုပ်ဖို့ ကတိပေးထားပြီးသားလေ။ အဲ့နေ့က ကျုံးရွှမ်ဂိုဏ်းရဲ့ အဓိကခန်းမဆီ ရောက်တော့ သူ့တပည့်လေးကို ကောင်းကောင်းမဆုံးမနိုင်ခဲ့တဲ့အတွက် ဒီပြစ်တင်မှုကို သူ့တပည့်လေးကိုယ်စား သူက လိုလိုလားလား ခံယူပါ့မယ်ဆိုပြီး ညှိနှိုင်းခဲ့တယ်။
ကျုံးရွှမ်ဂိုဏ်းရဲ့ အမြင်မှာ အသုံးမဝင်တဲ့ တပည့်တစ်ယောက်ကို သတ်ပစ်ရတာ ကွမ်းလန်ဂိုဏ်းကို သေးသေးလေးတောင် အထိနာစေမှာ မဟုတ်ဘူး။ အဆုံးမှာတော့ အသက်တစ်သက်အတွက် အသက်တစ်သက်ပဲလေ။
ဒါပေမဲ့ ဒီညှိနှိုင်းမှုကိုသာ လက်ခံလိုက်ရင် ကွမ်းလန်ဂိုဏ်းက ပါရမီရှင်ကျင့်ကြံသူတစ်ဦးကို ဆုံးရှုံးလိုက်ရလိမ့်မယ်။
ဒီဖြစ်ရပ်က အထူးသဖြင့် ဂိုဏ်းချုပ်ရဲ့ ချစ်ရတဲ့ သမီးလေးနဲ့ သက်ဆိုင်တာကြောင့် ကွမ်းလန်ဂိုဏ်းမှ လျော်ကြေးကတော့ ယူကိုယူရမှာပဲ။ ကျုံးရွှမ်ဂိုဏ်းက ဒီမတရားမှုကို လုံးဝ မမျိုသိပ်နိုင်ပါဘူး။
အခုတော့ ကျူးလွန်သူတပည့်ရဲ့ ဆရာသခင်ကိုယ်တိုင်က သူ့တပည့်ရဲ့ ပြစ်ဒဏ်ကို ကိုယ်စားခံယူပါ့မယ်လို့ ညှိနှိုင်းလာပြီး ကျန်းထန်ကို လွှတ်ပေးဖို့ တောင်းဆိုလာမှတော့....
ဒီလူကသာ ဘာဂုဏ်ထူးဂုဏ်ပုဒ်မှ မရှိရင် သူတို့က ဒီလူ ညှိနှိုင်းချင်တာကို လက်ခံပေးဖို့က အိပ်မက်ထဲမှာပဲ ရရင်ရလိမ့်မယ်။ ဒါပေမဲ့ ကိုယ်စား အပြစ်ခံယူပေးမယ့်လူက ကွမ်းလန်ဂိုဏ်းတောင်သခင်များထဲမှ တစ်ပါးဖြစ်ပြီး တစ်ရာစုပြည့်မှ တစ်မိုးအောက်တစ်ယောက်ထွန်းသော ရှားပါးပါရမီရှင်လေ၊ သေချာပေါက် ညှိနှိုင်းသင့်တာပေါ့။
အရင်ကပြောခဲ့တဲ့အတိုင်း သာမန်မျှ ပါရမီပါတဲ့ တပည့်တစ်ယောက်ကို သတ်လိုက်လည်း ကွမ်းလန်ဂိုဏ်းကို ထိခိုက်စေမှာ မဟုတ်ဘူး။ ဒါပေမဲ့ ပါရမီရှင်တစ်ယောက်ကို စတေးရရင်တော့ ဒီကိစ္စက လုံးလုံးကွဲပြားသွားပြီလေ။
![](https://img.wattpad.com/cover/277046284-288-k333991.jpg)
YOU ARE READING
ငါ့ကို သတ်မယ့်သူတွေက ငါလေးကို ကြွေသွားတယ်တဲ့(ဘာသာပြန်)
RomanceDon't repost the commissioned Fanart CV anywhere for commercial purposes! Artist - Liu Liu Liu Silisix ✨ Novel name နဲ့ information အပြည့်အစုံကို အထဲမှာ ရေးသားပေးထားပါတယ်။ Start Date- 12.7.2021