Chp :: 48

2.5K 353 12
                                    

[Unicode]

ဒီလိုမသေချာ မရေရာ ဖြစ်‌နေကြတဲ့ အချိန် သူ ဂိုဏ်းကနေ ထွက်သွားရမှာဆိုတော့ ကုရန် ဂိုဏ်းကို အကြောင်းပြချက်ကောင်းကောင်း ပေးခဲ့ရတယ်။ အကြောင်းရင်းမှန်ကိုတော့ ထုတ်ပြောလိုက်လို့ မရဘူးပေါ့။

ဒီအချိန်မှာ ကျန်းထန်တစ်ယောက် သူ့ဆရာသခင် သဘောတူလိုက်တာကို မယုံကြည်နိုင်ဖြစ်ပြီး ဆွံ့အနေလေရဲ့။

မြေအောက်ကမ္ဘာ ဝင်ပေါက်မှာ ဝိညာဉ်အစွမ်းဖြင့် ဖိနှိပ်အားကလည်း မပြတ်လတ်။ ဘာပဲဖြစ်ဖြစ် ဒီလောက်အဆင့်ကတော့ ကျန်းထန် အသာလေး ဖြတ်ကျော်သွားနိုင်ပြီး သူနဲ့အတူ ဘေးက ကျင့်ကြံသူလေးကိုပါ တစ်စက်လေးမှ မထိသွားစေပေ။

"ဟုတ်တယ် ဒီဟာပဲကွ။"

သူတို့‌ဘေးနား တလှုပ်လှုပ် ပျံဝဲနေပြီး အကောင်အထည် မမြင်ရတဲ့ အနက်ရောင်ထုကြီးက အတော်လေး စိတ်လှုပ်ရှားနေပုံပဲ။ နှစ်ရာချီကြာတဲ့ထိ ဖူရှီတစ်ယောက် ဝင်ပေါက် နောက်တစ်ကြိမ် ပြန်ဖွင့်နိုင်ဖို့ကို စောင့်နေခဲ့ရတာ။

ဝင်ပေါက်မှာ ခပ်ဖျော့ဖျော့ နတ်ဆိုးအော်ရာကို ခံစားမိနိုင်တယ်။ မြေအောက်ကမ္ဘာချောက်နက်က နတ်ဆိုးမျိုးနွယ်က ကျင့်ကြံသူတွေအတွက် ကောင်းကျိုးအကြီးကြီး ပေးတဲ့နေရာပဲ။ အစတည်းက ဖူရှီ နတ်ဆိုးမျိုးနွယ်ပိုင်နက်ဆီ ပြန်ဖို့ စဉ်းစားထားပြီးသား။ သူ့ခန္ဓာကိုယ် ပြန်ပြင်မရရင်တောင် သူ့ယွမ်ဝိညာဉ် ဆက်တိုက်အားနည်းနေတာကို‌တော့ စိတ်ပူနေစရာ မလိုတော့ဘူးလေ။

ဒါပေမဲ့ ဖူရှီတစ်ယောက် ခပ်ကြာကြာ စိတ်မလှုပ်ရှားလိုက်ရပါဘူး။ သူ့ကို စိုက်ကြည့်နေတဲ့ မဟူရာသူငယ်အိမ်တစ်စုံက သူ့တစ်ကိုယ်လုံးကို အေးခဲတောင့်တင်းသွားစေတယ်။ ဒီ‌လိုမည်းနက်မှုမျိုးက အရာအားလုံး ဝါးမျိုစားသောက်သွားတော့မယ့် ချောက်နက်ကြီးလို ထင်မှတ်စေပြီး ကြည့်ရဲတဲ့သူ မရှိတော့ဘူး။

"ကျောက်စိမ်းထဲ ပြန်ဝင်နေ" ထိုလူရဲ့ စကားသံက ခံစားချက်မဲ့ပြီး အတော်လေးကို အေးတိ‌အေးစက် နိုင်လွန်းတယ်။

သူ့ယွမ်ဝိညာဉ်ချည်းပဲ ရှိတာတောင် ဒီနတ်ဆိုး တုန်တုန်လှုပ်လှုပ်နဲ့ ချက်ချင်း အမိန့်နာခံရတော့တယ်။

ငါ့ကို သတ်မယ့်သူတွေက ငါလေးကို ကြွေသွားတယ်တဲ့(ဘာသာပြန်) Where stories live. Discover now