[Unicode]
ကုရန်အတွက် ' စည်းမျဉ်းများ ' ကို ပြောင်းလဲနိုင်တဲ့ စွမ်းရည်ကို ရနိုင်ဖို့ အရင်ဦးဆုံး လွန်စွာထက်သန်တဲ့ဆန္ဒ ရှိရမယ်။ အဲ့ဒါမှ ထိပ်တန်းစွမ်းရည်အဖြစ် သတ်မှတ်နိုင်မှာလေ။ ဒီကမ္ဘာကို ဖန်တီးခဲ့တဲ့ ပိုင်ရှင်မှာသာ ထို 'စည်းမျဉ်းများ ' ကို ကလိမ်ကျနိုင်မယ့် စွမ်းရည်မျိုး ရှိတယ်။
' စည်းမျဉ်းများ ' ရဲ့ အာဏာပါဝါကို အတင်းအကြပ် မပြောင်းလဲခင်မှာ ကုရန်တစ်ယောက် သူ့ရင်ခွင်ထဲက ကြောင်ကြီးကို ဆိုဖာပေါ် ဖြည်းညင်းစွာ ချပေးပြီး သူ့ညာလက်မှာ ဝတ်ဆင်ထားခဲ့တဲ့ ' ငွေတောင်ပံ ' သံချပ်ကာယာဉ် ရှိနေသော သိုလှောင်လက်စွပ်လေးကို ချွတ်ပေးပြီး ကြောင်ကြီးရဲ့ လက်ဖဝါးအောက်ထဲ ညင်သာစွာ ထည့်ပေးလိုက်တယ်။
System က နောက်ဆက်တွဲ ဘာဖြစ်နိုင်လဲဆိုတာ သေချာ မဆုံးဖြတ်နိုင်ဘူးလို့ ပြောပေမဲ့လည်း သူ့ရဲ့ စာရေးသူဗီဇအရ အကျိုးဆက်တွေက ညီမျှတဲ့ ပြောင်းလဲမှုတစ်ခုမှ မကွာနိုင်ဘူးလို့ ကုရန် ခံစားနေရတယ်။ အဆိုးဆုံး ဖြစ်နိုင်ခြေဆိုလို့ သူ အခုရောက်နေတဲ့ လက်ရှိကမ္ဘာကနေ ထုတ်ပယ်ခံရမှာ ဖြစ်လောက်တယ်။
ဒါ့အပြင် ရန်သူကိုလည်း လုံးလုံး မနှိမ်နင်းရသေးတာကြောင့် ကုရန်မှာ ဟေးဒီစ်ကြီး သူ့ကိုယ်သူ ကာကွယ်နိုင်စေဖို့ လက်နက်တစ်ခုတော့ ထားခဲ့ပေးရမယ်လေ။
ဒီနေရာလေးမှာ ထားခဲ့ရင် ဟေးဒီစ်ကြီး နိုးလာချိန်မှာ သေချာပေါက် သတိပြုမိမှာပါ။
" လိမ္မာရမယ်နော် "
'ချုံချုံ' ဆိုတဲ့ ထိပ်ဆုံးစကားလုံးနှစ်လုံးကို ဖြုတ်ပြောလိုက်တယ် , သူသာ ထိုစကားလုံးနှစ်လုံးကို ထုတ်ပြောခဲ့ရင် ကြောင်ကြီးက သူ့မျက်လုံးများကို ပင်ပန်းကြီးစွာ ဖွင့်နိုင်ဖို့ ကြိုးစားအုံးမယ်ဆိုတာ ကုရန် သိနေလို့ပါပဲ။
ဒါပေမဲ့ ထိုမျက်ဝန်းအိမ်တစ်စုံမှာ..... အမြင်အာရုံ ဆုံးရှုံးသွားခဲ့ပြီ။
အခုချိန်မှာ ကြောင်ကြီးအသွင် ဟေးဒီစ်ကြီးက ဆိုဖာပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသလို လဲလျောင်းနေလေတယ်။
YOU ARE READING
ငါ့ကို သတ်မယ့်သူတွေက ငါလေးကို ကြွေသွားတယ်တဲ့(ဘာသာပြန်)
RomanceDon't repost the commissioned Fanart CV anywhere for commercial purposes! Artist - Liu Liu Liu Silisix ✨ Novel name နဲ့ information အပြည့်အစုံကို အထဲမှာ ရေးသားပေးထားပါတယ်။ Start Date- 12.7.2021