အပိုင်း(၆)

7.7K 431 2
                                    

မိုးတွင်းဖြစ်၍ ဥယျာဉ်အတွင်းရှိ စံပယ်ပန်းရုံမှာ စံပယ်တို့ လှိုင်လှိုင်ဝေနေကြ၏။ သော်လေးအခန်းရဲ့မျက်နှာမူရာဥယျာဉ်မှာ ပန်းပင်လေးများကစ၍ သစ်ပင်ကြီးများပါရှိနေတာမို့ တောအုပ်လေးသဏ္ဍန်ပင်ပေါက်နေလေသည်။

"ကိုကို"

"အော် သော်လေး လာ"

ဥယျာဉ်ထဲရှိ အပန်းဖြေရာ ကူရှင်ဖုံးထိုင်ခုံဝိုင်းရှိ ခုံလေးတစ်ခုပေါ်တွင်ထိုင်ရင်း ကိုကိုက Laptopတစ်လုံးဖြင့် အလုပ်ရှုပ်နေခဲ့ရာ သော်လေးအသံပေးမှပင် သတိထားမိရှာ၏။ နေခြည်နုများဖျာကျနေသော ကိုကို့မျက်နှာဟာ ပကတိကြည်လင်နေသည်။

"ဘာတွေလုပ်နေတာလဲ ကိုကို"

"Movieကြည့်နေတာသော်လေးရဲ့ ကြည့်မလား"

"ဟင့်အင်း.."

သော်လေးက ခေါင်းခါပြရင်း ရှေ့တည့်တည့်ကတမာပင်ကြီးကိုသာငေးကြည့်‌မိနေ၏။ တမာပွင့်တို့က မိုးလေကြောင့်ကြွေကျကာ အပင်ခြေရင်းတွင် ဖွေးဖွေးလှုပ်နေလေသည်။ အနံ့သင်းသင်းကလဲ ကြိုင်လှိုင်မွေးပျံ့လာ၏။

ကိုကိုက ကြည့်လက်စ Laptopကို ပိတ်ရင်း သော်လေးနဲ့အတူ အပင်ကြီးဘက်သို့ငေးနေလေပြီ။

"ကျောင်းတတ်ရတာ အဆင်ပြေလား သော်လေး"

"ဟုတ် ကိုကို ပြေပါတယ်... ဒါပေမဲ့ သော်လေးက အသက်၈နှစ်ဖြစ်ပြီး သူငယ်တန်း‌ဆိုတော့ သူငယ်ချင်း‌တွေက နောက်ကြတယ်"

"ဟုတ်လား...အဖေ့ကိုပြောလိုက်လေ သော်လေး ကျောင်းအုပ်ကိုသူပြောပေးလိမ့်မယ်"

သော်လေးက ကိုကို့မျက်၀န်းတွေဆီ ဖျက်ခနဲအကြည့်ရောက်မိ၏။ အဖေ့ရဲ့ရာထူးကို အသုံးချတတ်လွန်းသောကိုကို...။

နှာခေါင်းထဲ ၀င်ရောက်လာသောကိုကို့ရဲ့အနံ့သင်းသင်း...။

"ကိုကို့‌ဆီက အနံ့ကမွှေးတယ်နော်... အဲ့တာဘာနံ့လဲ ကိုကို"

"Lavender Perfume အနံ့လေ သော်လေးကြိုက်လို့လား ကိုကိုဝယ်ပေးမယ်လေ"

"မကြိုက်ဘူး ကိုကို"

မုန်းတောင် မုန်းသေးရဲ့...။ ပြီးတော့ ရွံလဲရွံတယ်။ စပ်ဆုပ်တယ် ကိုကိုရဲ့...။

အမုန်းတရားတို့၏မာယာ (Completed)Where stories live. Discover now