နီးကပ်လာတဲ့စာမေးပွဲနဲ့အတူ သော်လေးရဲ့စိတ်တို့သည် မငြိမ်မသက်လှုပ်ခတ်မြဲ။ ကိုကိုကတော့လိုအပ်မယ့်ပစ္စည်းတွေ၀ယ်ပို့တတ်တာကလွဲ၍ အရိပ်အယောင်မျှပင် ပေါ်မလာခဲ့တာမို့ လွမ်းမိတာကို နာစရာနဲ့ ဖြေလျော့ပစ်မည်ဟု သော်လေးကကြံရွယ်မိ၏။
သို့သော် ကိုကို့ကိုမြင်စကတည်းက သော်လေးမှမနာတတ်ခဲ့ဘဲ။ အမေ့အတွက်လက်စားချေမယ် ဟုကျူံးဝါးမှုတွေသည် ကိုကိုကြောင့်ကျတဲ့မျက်ရည်တွေအောက် ပျက်ပြယ်ကုန်၏။
ကိုကို သူ့ကိုချစ်လာစေရမယ် လို့ ကြွေးကြော်ခဲ့မိသမျှဟာလဲ သူကပင် ကိုကို့ကိုချစ်ရခြင်းတို့နှင့်အဆုံးသတ်ရပြန်သည်။
အမေ့ရဲ့နာရေးဖိတ်စာလေးကိုထုတ်မကြည့်ဖြစ်တာရက်တွေကြာခဲ့ပြီ။ မကြည့်ရဲဘူး...မျက်နှာမပြဝံ့ခဲ့ဘူး။
သူ့ကိုသတ်ခဲ့တဲ့လူသတ်သမားကိုမှ ချစ်မိတဲ့သားအဖြစ်ကို အမေရင်နာနေရှာတော့မှာ...။
"သားက အမေ့ကိုကာကွယ်မှာလား"
"ကာကွယ်ပေးမှာပေါ့... သားကြီးလာရင် အမေ့ကိုအကုန်လုံးဆီကဖွက်ထားပေးပစ်မှာ။ အမေ့ကိုအော်တဲ့အဒေါ်ကြီးဆီကရော၊ ပြီးတော့ အမေ့ကိုစစနေတဲ့လူကြီးတွေဆီကရော... အကုန်လုံးဆီက အမေ့ကိုကာကွယ်မှာ"
အမေ့ရဲ့ပေါင်ပေါ်မှာထိုင်ကာ လက်ဟန်၊ ခြေဟန်လေးဖြင့်ပြောပြနေခဲ့သော သော်လေး။ ကလေးငယ်ကို အားကိုးတကြီးကြည့်နေရှာတဲ့မိခင်။
ကျွန်တော်ရှုံးတယ်နော် အမေ... အမေ့ကို ဘယ်သူ့ဆီကမှ ကျွန်တော်မကာကွယ်ပေးနိုင်ခဲ့ဘူး။
အမေ့ကိုသတ်ခဲ့တဲ့လူကို ချစ်ရလွန်းလို့ နေ့နေ့ညညငိုနေတတ်တဲ့သူ့ကိုကြည့်ပြီး အမေဟာ သက်ပြင်းမောချနေလေမလား၊ ဒါမှမဟုတ် လှောင်ပြောင်နေရှာရော့မလား။
အမေ စိတ်ပျက်နေပြီလား... ဒါမှမဟုတ် သူ့လိုလူကိုမွေးမိတာ ရင်နာလိုက်တာ လို့များ မချိတင်ကဲရေရွတ်နေလေပြီလား။
ဒါပေမယ့်... ဒါပေမယ့်လေ သော်လေး ကိုကို့ကို မချစ်ဘဲ မနေနိုင်တော့ဘူး အမေရယ်။
... 🖤 ...
စာမေးပွဲနီးကပ်လာတဲ့ရသတ္တပါတ်တစ်ခုမှာတော့ ကိုကိုဟာ ကျောင်းရှေ့သို့ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့၏။ ညနေခင်းအေးစိမ့်စိမ့်တွင် အနွေးထည်ပါးပါးလေးပင် မထပ်လာခဲ့သောကိုကို့ကို သော်လေးဆူပူခွင့်များရရင် ဆူပူချင်မိပါသည်။
BẠN ĐANG ĐỌC
အမုန်းတရားတို့၏မာယာ (Completed)
Viễn tưởng၀န်ကြီးချုပ်တစ်ယောက်ရဲ့သားဖြစ်တာမို့ဆိုးချင်တိုင်းဆိုးနေတဲ့သူဠေးသားလေးနဲ့ အဲ့သူဠေးသားလေးရဲ့ကားဘီးတွေအောက်သေသွားခဲ့ရတဲ့မိန်းမတစ်ယောက်ရဲ့မျက်မမြင်သားငယ်လေး၊ သူတို့နှစ်ယောက်ကြားကအမုန်းတွေကနေ တဖြည်းဖြည်းအချစ်ဆီကို ကူးပြောင်းလာတဲ့ပုံကိုရေးသားထားတာပါရှင...