"မနေ့ညက မာန် ပြန်မလာဘူးပေါ့"
ဒေါသတွေပြည့်လျှံတက်လာသောဖေဖေ့အသံကြောင့် သော်လေးကိုယ်လေးပင်တုန်တက်သွားရသည်။
ကိုကိုဟာ ပထမဆုံးအကြိမ်အဖြစ် ဖေဖေမကြိုက်ဆုံးအပြစ်နှစ်ခုကို ကျူးလွန်ပစ်လိုက်တယ်။ အိမ်ပြန်မလာခြင်း၊ ပြီးတော့ မနက်စာစားဝိုင်းကိုပျက်ကွက်ခြင်း။
မိသားစု၀င်အကုန်လုံးက ကိုယ့်အကြောင်းကိစ္စနဲ့ကိုယ်မို့ ထမင်းလက်စုံစားရခြင်းရှားပါးခဲ့သည့်တိုင် မနက်စာစားဝိုင်းကိုတော့ ဖေဖေကလူစုံပါမှ သဘောကျသည်။
"အကိုလေး သူငယ်ချင်းကတော့ ဖုန်းလှမ်းဆက်ထားပါတယ်ခင်ဗျ"
ဖိုးထူးရဲ့ ခပ်တိုးတိုးရှင်းပြသံ။ ကိုကိုက အိမ်အကူတွေကို သဘောမကျပေမဲ့ အိမ်အကူတိုင်းက ကိုကို့ကွယ်ရာတွင်ပင် မကောင်းမပြောရဲလောက်အောင် ကိုကို့ကိုလေးစားကြရှာပါ၏။
"ဘာတဲ့လဲ မူးနေလို့တဲ့မလား"
"ဟုတ်... ဟုတ်ကဲ့ ဦးကြီး"
ဖေဖေက ဒေါသကိုမြိုသိပ်ဟန်ဖြင့် သက်ပြင်းခပ်ပြင်းပြင်းချလိုက်ပြီး သော်လေးထံသို့ ခပ်စူးစူးလှမ်းကြည့်တာမို့ ခေါင်းငုံ့ချပစ်လိုက်သည်။
ကိုကို သော်လေးနာမည်ကို မူးပြီးခေါ်တဲ့အချိန် ဖေဖေရော ကိုကို့အနားမှာရှိခဲ့လေသလား...။
... 🖤 ...
၀ရန်တာဘက် ထွက်ရပ်နေတာမို့ တိုက်ခတ်လာသော တောင်လေသုတ်သုတ်က လူကိုစိမ့်ခနဲရိုက်ခတ်၏။ ၀တ်ထားသောအနွေးထည်ရဲ့အိတ်နှစ်ဖက်ထဲ လက်တွေလျှိုထည့်ရင်း ခြံတံခါးဘက်ကိုသာ ငေးကြည့်နေမိသည်။
အချိန်က ၁၁နာရီနီးပါးရှိခဲ့ပြီ။ အိမ်ပြန်နောက်ကျတတ်သောကိုကိုဟာ အလွန်ဆုံးဆိုရင်တောင် ၁၀နာရီဆို ပြန်လာတတ်တာမို့ ဒီနေ့လဲပြန်မလာဘူးလား လို့တွေးရင်း ရင်လေးသွားရပြန်၏။
လေးပင်သောစိတ်နဲ့အတူပေရပ်ကာစောင့်နေမိတော့ ခြံတံခါးနားတွင် ပြိုင်ကားအနက်လေးတစ်စင်းကို ဖျက်ခနဲတွေ့တာမို့ လူကလှိုက်ခနဲနွေးသွားရသည်။

ВЫ ЧИТАЕТЕ
အမုန်းတရားတို့၏မာယာ (Completed)
Фэнтези၀န်ကြီးချုပ်တစ်ယောက်ရဲ့သားဖြစ်တာမို့ဆိုးချင်တိုင်းဆိုးနေတဲ့သူဠေးသားလေးနဲ့ အဲ့သူဠေးသားလေးရဲ့ကားဘီးတွေအောက်သေသွားခဲ့ရတဲ့မိန်းမတစ်ယောက်ရဲ့မျက်မမြင်သားငယ်လေး၊ သူတို့နှစ်ယောက်ကြားကအမုန်းတွေကနေ တဖြည်းဖြည်းအချစ်ဆီကို ကူးပြောင်းလာတဲ့ပုံကိုရေးသားထားတာပါရှင...