အပိုင်း(၂၉)

5.3K 328 15
                                    

တမာရနံ့က လေမှာဝေ့ပျံ့လို့နေပြီး တမာပွင့်ကြွေတို့ဟာ ဥယျာဉ်ထဲမှာဖွေးဖွေးလှုပ်လို့နေကြ၏။ အပင်မျိုးစုံလှသောဥယျာဉ်တွင် ရာသီပန်းတို့ကလဲ လှိုင်လှိုင်ပွင့်နေလေပြီ။

ဥယျာဉ်ထဲက ပန်းပင်တွေကိုရေလောင်းနေခိုက် ကိုကို့ကားလေးကိုလှမ်းမြင်ရ၏။ ကိုကိုကားပေါ်ကဆင်းလာတာနဲ့ ယွန်းကပြေးစီးကြိုတာမို့ ကိုကို့နှုတ်ခမ်းလေးတွေမှာချက်ချင်းပြုံးရိပ်ထင်သွားသည်။ ညားခါစဇနီးမောင်နှံကဲ့သို့ လိုက်ဖက်ညီလွန်းလှ၍ လူတကာအားကျလောက်စရာ။

"မောင်"

"ယွန်း ဘယ်တုန်းကရောက်နေတာလဲ"

ယွန်းက ကိုကို့လက်ထဲမှ အပေါ်ကုတ်နှင့်အိတ်ကိုလှမ်းဆွဲယူပေး၏။

"နေ့လည်လောက်ကတည်းက မောင်ရဲ့... မောင့်အကြိုက်ဟင်းတွေချက်ထားတယ်"

"အော် ကျေးဇူးပါဗျာ"

မာန်၀င့်ထည်က ယွန်းကိုပြုံးကြည့်နေမိရင်းမှ ဥယျာဉ်ဘက်ကို အကြည့်ရောက်မိတော့ ရေပိုက်ကို တင်းတင်းဆုပ်ကိုင်ထားသော သော်လေးနှင့်အကြည့်စုံသွားသည်။

ယွန်းကလဲ ရိပ်မိစွာပင် မောင့်လက်မောင်းကိုတွဲခိုလိုက်လေသည်။ ယွန်း သ၀န်တိုတတ်နေပြီ မောင်... အထူးသဖြင့် မောင့်အိမ်က ကလေးနဲ့ဆိုရင်ပေါ့။

"မောင် ရေချိုးမယ်ဆို အမြန်သွားချိုးတော့နော်...ယွန်း ထမင်းပွဲပြင်ထားပေးမယ်"

"အင်း"

မောင်က သော်လေးစီက အကြည့်လွှဲလိုက်ရင်း ခပ်တိုးတိုးဆိုကာ အိမ်ထဲအရင်၀င်သွား၏။ ရပ်ကျန်ရစ်ခဲ့တဲ့ယွန်းက သော်လေးကိုလှမ်းကြည့်မိတော့ သော်လေးကအရင်မျက်လွှာချသွားရှာသည်။

လူတစ်ယောက်ထဲကို ချစ်မိကြသူအချင်းချင်း အမကို နားလည်ပေးလို့ရမလား သော်လေးရယ်။

... 🖤 ...

ကိုကိုနှင့် ရှေ့ဆင့်၊ နောက်ဆင့်ဆိုသလို ဖေဖေပြန်ရောက်လာချိန်ထိ သော်လေးက ဥယျာဉ်မှာပင် ယောင်ပေပေလုပ်နေမိခဲ့သည်။ နေရကြပ်သလိုလို၊ အပြင်လူလိုလိုခံစားရတာမို့ ထမင်းဝိုင်းထဲ သော်လေးမ၀င်ချင်...သို့သော်။

အမုန်းတရားတို့၏မာယာ (Completed)Where stories live. Discover now