အပိုင်း(၄၃)

5.4K 260 4
                                    

သော်လေးက ပြတင်းဘောင်ပေါ်မေးတင်ရင်း ပန်းရုံဘက်ကိုငေးကြည့်နေမိ၏။ ဒီရက်တွေမှာ ကိုကိုဟာ သူကိုယ်တိုင်လဲအလုပ်မသွား၊ အိမ်ကလူတွေကိုလဲ သော်လေးကိုအချိန်ပြည့်စောင့်ကြည့်စေသည်။ ယခုပင် ပန်းရုံရဲ့မလှမ်းမကမ်းတွင် ဖိုးထူးက ရေလောင်းဟန်ပြုရင်း သော်လေးကို မကြာခဏမော့ကြည့်နေခဲ့၏။

သက်ပြင်းမောကို ချလိုက်ရင်း ကုတင်ဆီလျှောက်လာကာလှဲချရင်း ကြည်ပြာတို့်အိမ်လိပ်စာကိုပြန်စဉ်းစားနေမိ၏။ လူလစ်တာနဲ့လိုက်ခေါ်ပစ်လိုက်မယ် လို့ အမြဲတွေးနေခဲ့မိသည်။ ဒါမှမဟုတ် အဲ့အိမ်မှာနေခွင့်တောင်းရမလား လဲ တွေးနေခဲ့မိသည်။

ကိုကိုနဲ့စကားမပြောတာ နှစ်ပါတ်နီးပါးရှိပြီ။ ကိုကိုက စကားလိုက်ပြောပေမယ့် မိမိကမပြောခြင်းဖြစ်၏။ အန်တီကြည်ပြာ့ကိုပြန်ခေါ်ပေးမှပြောမည် ဟု ဆုံးဖြတ်ချက်ချထားသည်။ ကုတင်ဘေးစားပွဲပေါ်မှ ဖတ်လက်စ စာအုပ်လေးက သော်လေးကို အားငယ်စွာကြည့်နေခဲ့၏။

ခုတလော ဘာမှမလုပ်ချင်ပါ။ စိတ်တွေက ဟိုလွင့်၊ ဒီလွင့်နဲ့မို့ ဘယ်အရာကိုမှ အာရုံစိုက်၍မရ။ အာရုံလဲမစိုက်ချင်တော့။

"သော်လေး ... သော်လေး"

ကိုကိုမှန်းသိ၍ တံခါးသွားမဖွင့်ဘဲ အိပ်ချင်ယောင်ဆောင်နေလိုက်၏။ ကိုကိုဟာ အသံပေးရုံမျှပေးကာ သူ့ဘာသာသော့နှင့်ဖွင့်၀င်လာမည်ဖြစ်သည်။ ကိုကိုသည် သော်လေးတစ်ခုခုလုပ်သွားမှာ သိပ်ကြောက်နေပုံပေါ်၏။

ဟိုတစ်နေ့ကလဲ အခန်းထဲ၀င်လာမွှေပြီး အိပ်ဆေးကအစ ကြိုးသေးသေးလေးပါမချန်ရှာဖွေကာ သိမ်းယူသွား၏။ အဲ့လောက်တုန်လှုပ်နေတဲ့ကိုကို့ကိုကြည့်ရင်း ရယ်ပစ်ချင်လာ၏။ တခါတရံ တကယ်လုပ်ပစ်ချင်လာသည်။

မျက်ခွံတွေပိတ်ချပစ်လိုက်တော့ ကုတင်စွန်းပေါ်ကို ထိုင်လာတဲ့အငွေ့အသက်။ သော်လေးနဖူးပြင်ပေါ်က ဆံနွယ်စတွေကိုခပ်ဖွဖွသပ်တင်ပေးနေခဲ့ခြင်း။

"မင်းသာတခုခုဖြစ်ရင် ကိုကိုရူးမှာ"

ရင်ထဲက‌နေ ရူးပစ်လိုက်ပါလားကိုကိုရယ် လို့ ခပ်ရမ်းရမ်းလေး အော်ဟစ်နေမိသည်။

အမုန်းတရားတို့၏မာယာ (Completed)Where stories live. Discover now