ကျောင်းပိတ်ရက်တွင် နွေရာသီအင်္ဂလိပ်စာသင်တန်းတွေတတ်ရသောသော်လေးသည် နားနေချိန်တွေမှာ သုတ၊ ရသစာအုပ်တွေကြား ခေါင်းပုံထိုးတတ်သူဖြစ်၏။
ဖေဖေ့ရဲ့ခွင့်ပြုချက်တောင်းကာ စာဖတ်ခန်းထဲ၀င်နေတတ်သည်မှာလဲ အကျင့်တစ်ခုပင်။
"တခြားကိုယ်နဲ့မဆိုင်တာတွေတော့ မကိုင်နဲ့သား"
စခွင့်တောင်းစဉ်ကမှာခဲ့သော ဖေဖေ့ရဲ့ပြတ်တိပြတ်တောင်းစကား။
သော်လေးက ဆရာဘသန်းရဲ့ ယောနသံဇင်ယော်စာအုပ်ကို သဲကြီးမဲကြီးဖတ်နေမိခဲ့၏။
သာမာန်ဇင်ယော်တွေလို အစာစားရုံရှင်သန်ခြင်းမှခွဲထွက်ကာ ပျံသန်းခြင်းပညာကိုတစ်ဖက်ကမ်းခတ်အောင်ကြိုးစားသင်ယူခဲ့တဲ့ ယောနသံဇင်ယော်လေး၏အကြောင်းမှာ တကယ်အတုယူဖွယ်ရာပင်...။
သော်လေးတို့လူတွေထဲမှာလဲ နေရေး၊ စားရေးအတွက်သာလုံးပန်းရင်း အချိန်ကုန်ခဲ့ကြရတဲ့ဘ၀တွေဟာ အများသားမလား။ ဖြစ်နိုင်ရင် လူတိုင်းကိုအသက်ရှင်ရရုံမဟုတ်ဘဲ ဘ၀မှာကိုယ်ဖြစ်ချင်တဲ့အရာတွေကို လေ့လာသင်ယူရင်းပျော်ရွင်စွာဖြတ်သန်းစေချင်သည်မှာ သော်လေးရဲ့စေတနာအမှန်။
ဒါပေမဲ့ သော်လေးကိုယ်တိုင်ပင် အဲ့လိုလုပ်နိုင်ဖို့မလွယ်ခဲ့ရဘူးမဟုတ်လေလား...။
သော်လေးတွင် ကိုယ်ပျော်ရွင်ရာလုပ်ဖို့ထပ် အမေ့ဝိညာဉ်လေးချုပ်ငြိမ်းနိုင်ဖို့လုပ်ပေးချင်တာတွေသာ ရှိခဲ့ရတာမို့...။
... 🖤 ...
ဒေါက်...ဒေါက်။
အသံပေးပြီး၀င်လာသူက မာန်၀င့်ထည်။
"ကိုကို"
"အင်း... သော်လေး ရှေ့ထွက်ခဲ့ဦး ရှိန်းထူးကပေးစရာရှိလို့တဲ့"
"ဟုတ်ကဲ့ပါဗျ"
စာအုပ်လေးကို ကတ်လေးနဲ့ အမှတ်အသားပေးလိုက်၏။ စာရွက်တွေကိုခေါက်ပစ်တာမျိုးကို သော်လေးတကယ်မုန်းပါသည်။
မာန်၀င့်ထည်နောက်က ကျုံ့ကျုံ့လေးလိုက်ထွက်လာသော သော်လေးကိုမြင်တော့ ရှိန်းထူးက ပြုံးမိ၏။ ဒီကောင်လေးသည် အမြဲဆွဲပွေ့ချင်စရာလေးပင်။

ESTÁS LEYENDO
အမုန်းတရားတို့၏မာယာ (Completed)
Fantasía၀န်ကြီးချုပ်တစ်ယောက်ရဲ့သားဖြစ်တာမို့ဆိုးချင်တိုင်းဆိုးနေတဲ့သူဠေးသားလေးနဲ့ အဲ့သူဠေးသားလေးရဲ့ကားဘီးတွေအောက်သေသွားခဲ့ရတဲ့မိန်းမတစ်ယောက်ရဲ့မျက်မမြင်သားငယ်လေး၊ သူတို့နှစ်ယောက်ကြားကအမုန်းတွေကနေ တဖြည်းဖြည်းအချစ်ဆီကို ကူးပြောင်းလာတဲ့ပုံကိုရေးသားထားတာပါရှင...