"အကိုလေး"
ယုယက ဥယျာဉ်ဘက်ကို ကျီးကန်းတောင်းမှောက်ကြည့်ရင်း မာန်၀င့်ထည်ကို ခပ်တိုးတိုးခေါ်၏။ ပန်းပင်တွေနဲ့အလုပ်ရှုပ်နေသော သော်လေးကို ပြတင်းမှတဆင့် လှမ်းမြင်နေရသည်။ ကျောပေးထားတဲ့သော်လေးကတော့ သူတို့ကိုမြင်ပုံမရပေ။
"အင်း... ဘာလဲ"
အိမ်ပြင်ထွက်မယ့်ခြေလှမ်းတွေကိုရပ်တန့်ရင်းမေးလိုက်တော့ ယုယက ပြတင်းအကွယ်ဘက်သို့ခေါ်တာမို့ သော်လေးအကြောင်းမှန်းသိလိုက်၏။
"မနေ့က သခင်လေးအဒေါ်တွေအိမ်လာတယ် အကိုလေး"
"အင်း"
သော်လေးအဒေါ်တွင် ခုတလောအိမ်အလာစိတ်လာတာကို သူလဲသတိထားမိ၏။ လူကအလုပ်သွားနေရပေမယ့် သတင်းကတော့သူ့ထံမှန်မှန်ရောက်လာမြဲမို့..။
"အဲ့တာ သခင်လေးဆီက ပိုက်ဆံတောင်းတယ်"
မာန်၀င့်ထည်က ခေါင်းပင်ဆတ်ပြလိုက်ရင်း လက်တွေကိုပိုက်ထားမိခဲ့၏။ ယုယက သော်လေးစိတ်ဆိုးမှာစိုးနေသည့်ဟန်ဖြင့် မငြိမ်မသက်ဖြစ်နေရှာသည်။
"ပြီးတော့ ပိုက်ဆံပေးတာနည်းလို့ဆိုပြီး သခင်လေးကိုပြောဆိုလုပ်သွားတယ်"
"ဟမ်"
မာန်၀င့်ထည်ရဲ့မျက်ခုံးတွေ တွန့်ချိုးသွား၏။
"သခင်လေးကို ကျွန်မပြောတယ်လို့မပြောပါနဲ့နော်"
"အင်း"
ဘာတွေပြောလဲ လို့ မာန်၀င့်ထည်ဆက်မမေးချင်တော့။ ကြားလဲသူဒေါသထွက်ရုံကလွဲ၍ဘာမှလုပ်လို့မရနိုင်ပြီ။ တစ်ဖက်မှာ သူစုံစမ်းထားတာတွေလဲရှိတာမို့ တခုခုအမြန်လုပ်မှ လို့သာတွေးလိုက်မိသည်။
ဘာမှလုပ်မရတဲ့ဖြစ်ပြီးသားအခြေအနေတစ်ခုကို ဒေါသထွက်နေတာထက် ထပ်မဖြစ်လာအောင် ဘာတွေလုပ်လို့ရမလဲ လို့အဖြေထုတ်တတ်တာက သူ့အကျင့်တစ်ခု။
ဒါပေမဲ့ သူ့စိတ်ထဲတွင် ခံပြင်းစိတ်လေးသဲ့သဲ့တော့ကိန်းအောင်းသွားမိရသည်။
... 🖤 ...
ပြွတ်ခဲနေအောင်ပွင့်နေကြသောဒန်းပန်းရဲရဲလေးတွေကို သော်လေးကကိုင်ကြည့်နေ၏။ မျက်နှာလေးကပြုံးသယောင်ယောင်ပေမဲ့ နှုတ်ခမ်းလေးကမဲ့ကွေးလို့နေပြန်သည်။

YOU ARE READING
အမုန်းတရားတို့၏မာယာ (Completed)
Fantasy၀န်ကြီးချုပ်တစ်ယောက်ရဲ့သားဖြစ်တာမို့ဆိုးချင်တိုင်းဆိုးနေတဲ့သူဠေးသားလေးနဲ့ အဲ့သူဠေးသားလေးရဲ့ကားဘီးတွေအောက်သေသွားခဲ့ရတဲ့မိန်းမတစ်ယောက်ရဲ့မျက်မမြင်သားငယ်လေး၊ သူတို့နှစ်ယောက်ကြားကအမုန်းတွေကနေ တဖြည်းဖြည်းအချစ်ဆီကို ကူးပြောင်းလာတဲ့ပုံကိုရေးသားထားတာပါရှင...