အပိုင်း(၄၄)

5.8K 275 6
                                    

ရှိန်းထူးကားလေးမြင်ကွင်းမှပျောက်ကွယ်တဲ့အထိစောင့်ကြည့်နေမိခဲ့သည်။ ဒါနောက်ဆုံးတွေ့ရခြင်းလို့တွေးမိတော့ ရင်ထဲမှာဟာသွားရသလိုတဆက်တည်းမှာလဲ လွတ်လပ်ပေါ့ပါးနေခဲ့ရ၏။

အကို့ကိုစိတ်ချတယ်။ အကိုက အရာအားလုံးကိုကောင်းကောင်းကျော်ဖြတ်နိုင်မယ်ဆိုတာကိုယုံကြည်တယ်။ ခက်တာက ကိုကို ...အို ကိုကို့အတွက် မတွေးပေးသင့်ဘူး။ ကိုကို့အတွက်မတွေးပေးတော့ဘူးကွယ်။

"တော်သေးတာပေါ့ သခင်လေးရယ်"

ရင်ဖိနေရှာသောယုယကိုကြည့်ကာ သော်လေးကပန်းလျစွာပြုံးပြမိ၏။

"အကိုလေးက ကျွန်မတို့ကိုသတ်တော့မှာဘဲ လို့စိတ်ပူနေမိတာ"

"အင်း ... ကိုကိုက သတ်ပစ်မှာဘဲ။ ကိုကိုက အကုန်လုံးကိုသတ်ပစ်မယ့်လူဘဲ"

သော်လေးရင်ထဲ ကိုကိုကလူသတ်သမား ဆိုတဲ့သတိပေးချက်တွေ တဝီဝီမြည်နေခဲ့၏။

"အမ ... အမတို့လဲ ဒီနေ့ကိစ္စတွေ ကိုကို့ကိုသွားမပြောမိစေနဲ့နော်။ ကိုကိုသတ်တာမခံချင်ဘူးဆိုရင်ပေါ့"

"ရှင်... ဟုတ်ကဲ့ သခင်လေး"

ယုယက သော်လေးပုံစံကိုကြည့်ရင်း ကြောင်သွားဟန်မို့ သော်လေးကအမြန်အသိကပ်လိုက်ရင်း

"အမတို့ကို‌ စိုးရိမ်လို့ပါဗျ"

"အော် ...စိတ်ချပါ သခင်လေး။ အဆင်ပြေရဲ့လားဟင်"

ယုယရဲ့အမေးကို သော်လေးကခေါင်းလေးပါညိတ်ပြလိုက်ရင်း ပြေတယ်ဗျ လို့ဖြေကာ အပေါ်ပြေးတက်လာမိ၏။ ယုယစိတ်ထဲတွင် သူဟာအန်တီကြည်ပြာကို မခင်တွယ်ရှာဘူး ဘဲလို့တွေးနေရှာလိမ့်မည်။

တွေးပစ်လိုက်၊ ငါရဲ့ရင်ထဲကခံစားရမှုတွေကို အကုန်လုံးကဖော့တွေးပစ်လိုက်ကြ လို့ ရင်ထဲမှရယ်မောရင်း ‌အရူးလိုအော်ဟစ်နေခဲ့မိ၏။ ဒီလိုမှသာ သူလဲလွတ်လပ်စွာထွက်သွားနိုင်မယ်မဟုတ်လား။

အခန်းထဲရောက်တော့ကုတင်ပေါ်မှာ ငိုင်ငိုင်ကြီးထိုင်နေခဲ့မိ၏။ ဒိုင်ယာရီစာအုပ်ကိုထုတ်ရင်း အမေသေတဲ့ရက်စွဲဲရဲ့အောက်မှာ၊ ကြည်ပြာသေဆုံးတဲ့ရက်စွဲရေးလိုက်၏။ ‌တတိယမြောက်စာကြောင်းမှာ သူ့မွေးနေ့ရက်စွဲ‌လေးဖြည့်လိုက်သည်။ ပြီးပြည့်စုံလိုက်တဲ့စာကြောင်းတွေဘဲ လို့တွေးကာပြုံးမိ၏။ ထို့နောက်တော့ ဟက်ဟက်ပက်ပက်ရီနေမိခဲ့ပြန်သည်။

အမုန်းတရားတို့၏မာယာ (Completed)Where stories live. Discover now