အပိုင်း(၄၁)

5.3K 273 6
                                    

သင်္ကြန်ပြီးစရက်ကာလ၊ တစ်မြို့လုံးရဲ့လမ်းတွေပေါ်ကို ရေဖြန်းထသကဲ့သို့ဖြစ်နေတာမို့ ပူမနေခဲ့။ ညနေစောင်းအချိန်လဲဖြစ်သလို၊ အချိန်အခါမဟုတ် မှိုင်းညို့နေတဲ့ကောင်းကင်က လူ့စိတ်ကိုထိုင်းမှိုင်းစေ၏။ သော်လေးစိတ်တွေထဲမှာ မှိုင်းညို့လို့နေခဲ့သည်။

သော်လေးစိတ်ဟာ တစ်စုံတစ်ခုမှားယွင်းတော့မလို လေးလံလို့နေခဲ့၏။ ခြံ၀ဆီထွက်မျှော်ကြည့်နေရင်း ဒီနေ့မှနောက်ကျနေတဲ့ကိုကို့အတွက် ဘုရားစာအထပ်ထပ်ရွတ်နေခဲ့မိသည်။ အမိုးဆင်၀င်အောက်မှ သော်လေးဟာ ဘယ်ပြန်၊ ညာပြန်လျှောက်ရင်း မငြိမ်မသက်ဖြစ်လို့နေခဲ့၏။

"သခင်လေးရယ် အရင်ကလဲ အကိုလေးကနောက်ကျနေကျဘဲကိုး"

ကြည်ပြာက တံခါးမကြီးကိုရပ်မှီရင်းပြော၏။ သူမစိတ်ထဲ မာန်၀င့်ထည်အပေါ် အဲ့လောက်စိုးရိမ်ကြီးနေတဲ့သော်လေးကို ပိုစိတ်ပူလာမိသည်။

"ဟုတ်ပါတယ် ... ဒါပေမယ့် သော်လေးစိတ်ထဲလေးနေတယ် အန်တီကြည်ပြာရဲ့"

"ဟင်း ... စိတ်ထင်လို့နေမှာပါကွယ်"

ကြည်ပြာက သော်လေးကိုစူးစမ်းသလိုကြည့်နေ၏။ ရင်ထဲမှ မေးချင်စိတ်တွင် တဖွားဖွားပေါ်နေခဲ့သလို မဖြစ်ပါစေနဲ့ လို့ အကြိမ်ကြိမ်ဆုတောင်းနေမိသည်။ လောကမှာ မဖြစ်သင့်ဆုံးလူနှစ်ယောက်က မာန်၀င့်ထည်နဲ့သော်လေးဘဲလို့ သူမထင်၏။ ဘယ်သူ့မေးမေး ဒီလိုဘဲဖြစ်ပေလိမ့်မည်။

အိမ်ရှေ့ဆင်၀င်အောက်ကားနက်လေးရောက်ရှိလာခဲ့ပြီ။

"ကိုကို"

သော်လေးက ကားတံခါး၀ဆီအမြန်သွား၏။ မာန်၀င့်ထည်က သောက်လာသဖြင့် အရမ်းမူးမနေခဲ့ပေမဲ့ ရီဝေဝေဖြစ်လာခဲ့ပုံ။

"ကိုကို သောက်လာတာလား"

"ပွဲရှိလို့ပါကွာ ... ငြင်းမရလို့။ ဖိုးထူးကိုဘဲ ကားသိမ်းခိုင်းလိုက်တော့"

ကိုကိုက မလှမ်းမကမ်းက ဖိုးထူးထံသော့ပေးခိုင်း၏။ တံခါး၀တွင်ရပ်နေခဲ့သောကြည်ပြာကား မရှိတော့။ သော်လေးက ကိုကို့ကိုမှီတွဲရမလား စဉ်းစားပေမယ့် ခြေလှမ်းမှန်နေတုန်းမို့ အိတ်ကိုဘဲကူဆွဲပေးလိုက်သည်။

အမုန်းတရားတို့၏မာယာ (Completed)Where stories live. Discover now