အပိုင်း(၃၆)

5.4K 285 28
                                    

သော်လေးတို့ကျောင်းရှေ့က သပြေပင်ကိုဝိုင်းပတ်ထားသောလေးထောင့်သဏ္ဍန်အုတ်ခုံလေးကို မာန်၀င့်ထည်ကငေးကြည့်ရင်း နှုတ်ခမ်းတွေက ပြုံးတုံ့တုံ့လုပ်နေခဲ့မိ၏။ ကားအနက်လေးကိုမှီထားတဲ့မာန်ဝင့်ထည်ရဲ့ရှည်လျားတဲ့အရပ်‌ကြောင့် ကျောင်းလာကြိုတဲ့လူတွေကြားမှ အထင်းသားပေါ်လွင်လို့နေပြန်သည်။

ပြည့်လျှံတိုးဝှေ့လာတဲ့ကျောင်းသား၊ ကျောင်းသူတွေကြား သော်လေးမပါနိုင်တာကို သူသိ၏။ သော်လေးက လူပါးမှအေးအေးဆေးဆေးလျှောက်ထွက်လာတတ်တာမျိုး။

လူတွေကျဲပါးလာမှ ခေါင်းငိုက်စိုက်လေးနဲ့ထွက်လာသော ‌သော်လေးကိုမြင်ရ၏။

"သော်လေး"

ဖျက်ခနဲခေါင်းမော့လာသော သော်လေးကိုသူကလက်လှမ်းပြ၏။ ခပ်ဖျော့ဖျော့တစ်ချက်ပြုံးပြရင်း သူ့အနားသို့လျှောက်လှမ်းလာပုံက ဘာမှခံစားမနေခဲ့ရသလို။

"ကိုကို လာကြိုတာလား ... ဦးဘ နေမကောင်းဘူးလား"

"ကောင်းတယ်"

အောင့်သက်သက်ခံစားလိုက်ရတာမို့ သူ့ကိုသတိထားမိအောင် ပြတ်တိပြတ်တောင်းဖြေတော့ သူ့ကိုဖျက်ခနဲလှမ်းကြည့်၏။ သို့သော်သူ့ကိုပင် အနည်းငယ်တွန်းလိုက်ကာ ကားတံခါးဖွင့်ပြီး သူ့ဘာသာ၀င်ထိုင်သော သော်လေးကြောင့် သူ့ရင်တွေက ကလိခံရသလို ခံရပင်ခက်လာရ၏။

ကားမောင်းလာတဲ့တစ်လျှောက်တိတ်ဆိတ်စွာလိုက်ပါလာတဲ့မျက်နှာဖူးဖူးလေးကို သူလှည့်ကြည့်လာလိုက်မိတာ ဘယ်နှကြိမ်မှန်းမသိ။ ဆရာသမားလေးက အပြင်ကရှုခင်းတွေကို ခုမှမြင်ဖူးသလို ခပ်ငေးငေးကြည့်လို့သာနေခဲ့၏။

ဘယ်လောက်ခံရခက်လိုက်တဲ့ပုံစံမျိုးပါလိမ့်။ ချစ်ခါစချစ်သူမျက်နှာကိုတစ်ချက်ကလေးမျှ ရေးရေးပင်မကြည့်သော ထိုလူသားသေးသေးလေးကို တစိမ့်စိမ့်ကြည့်ရင်း ဒေါသတွေဟာတရိပ်ရိပ်တက်လာရ၏။

ကားကိုလူရှင်းသောလမ်းကျဉ်းတစ်နေရာအရောက်မှာတော့ သည်းမခံနိုင်စွာ ထိုးရပ်ပစ်ချမိရင်း

"သော်လေး!"

"ဗျာ... ဘာဖြစ်လို့လဲ ကိုကို"

သူ့ကို အထူးတဆန်းလို ကြည့်ရင်းမေးတဲ့ကလေးသည် ကျွန်တော်ဟာ သူချစ်သူဖြစ်နေပြီ ဆိုတာကိုရော သိများသိပါလေစ။

အမုန်းတရားတို့၏မာယာ (Completed)Donde viven las historias. Descúbrelo ahora