အပိုင်း(၁၉)

5.6K 358 10
                                    

အိမ်ကနေထွက်လာကတည်းက အလိုမကျခဲ့သောကိုကိုရဲ့မျက်နှာသည် တချိန်လုံးမာကျောလို့နေခဲ့၏။ Cafeဆိုင်တစ်ခုရှေ့မှာ ကားကိုရပ်တော့ ရှိန်းထူးတို့နဲ့ချိန်းထားတဲ့နေရာလို့သာထင်မိခဲ့သည် သို့သော်...။

"ဒီမှာ မောင်"

လက်လှမ်းပြရင်းလျှောက်လာသောယွန်းသည် အဖြူရောင်ပိုးထည်၀တ်စုံလေးနှင့် ဖြူစင်စွာလှပလွန်းနေခဲ့၏။ ဆံပင်လေးကိုစုစည်းကာထုံးထားတာမို့ နားသယ်စကဆံနွယ်မျှင်လေးတွေနဲ့ယဉ်စစရှိလှသည်။

"အင်း ယွန်း"

ကိုကို့မျက်နှာပေါ်ကအပြုံး...။ သဘောကျမှုတွေကို ဖုံးဖိမရစေသောအပြုံးမှာ တောက်ပလွန်း၏။

ကိုကိုက ယွန်းရဲ့အိတ်လေးကိုသယ်ပေးဖို့ပြေးသွားချိန် ကားနားလေးတွင်ရပ်ကျန်ရစ်ခဲ့သူ သော်လေးမှာ ကိုကိုနှင့်ပက်သက်၍ ဘယ်နှကြိမ်မြောက်မှန်းမသိသော ရှူံးနိမ့်မှုကိုခံစားမိလေပြီ။

မာန်၀င့်ထည်ကို ဒီလောက်လှပတဲ့မိန်းမတစ်ယောက်ဆီက သူ့လိုဘာမှမဟုတ်တဲ့ကောင်လေးက ဘယ်လိုမျိုးလုနိုင်ပါ့မလဲ...။

အို... သိမ်ငယ်ရပြန်ပါသည်။ ကိုကိုနဲ့ပက်သက်သမျှအရာရာသည် သူ့ကိုအောက်ဆုံးသို့ဆွဲချပစ်ချပါသည်။

"ဒါ မောင့်ညီ မလား"

"အင်း"

ကိုကိုသည် မလိုအပ်လှသလို မိတ်ဆက်ခြင်းပင်မပြုတော့ဘဲ ခေါင်းကိုခပ်လွယ်လွယ်တစ်ချက်ညိတ်၏။

"ရှေ့မှာ ထိုင်ရမှာမလား မောင်"

သူရှေ့ခန်းကဆင်းလာတာကိုမြင်ရဲ့နဲ့ မေးသောယွန်းကြောင့် သော်လေးကပင်အလိုက်တသိနောက်ခန်းသို့ပြောင်းထိုင်ပေးလိုက်လေသည်။

လမ်းတွင်ရှိန်းထူးတို့ကားတွေနှင့်ဆုံပြီး ရှေ့ဆင့်နောက်ဆင့်မောင်းလာကြရာ သော်လေးတို့ကတစ်ကား၊ ရှ်ိန်းထူးတို့ကတစ်စီး၊ ဘုန်းတို့ကတစ်စီးဖြစ်၏။

High Way လမ်းမကြီးပေါ်ရောက်လာတော့ တစ်ဖက်တစ်ချက်စီမှ ပျိုးပင်စိမ်းစိမ်းတို့ရှိရာလယ်ကွင်းဆီမှဖြတ်တိုက်လာသောလေပြေတို့ကို သော်လေးကခေါင်းလေးထုတ်ကာခံယူနေမိ၏။

အမုန်းတရားတို့၏မာယာ (Completed)Donde viven las historias. Descúbrelo ahora