အပိုင်း(၂၁)

5.9K 354 2
                                    

ကောင်းကင်ယံတွင် ခုနှစ်စင်ကြယ်ပင် အမြှီးထောင်နေခဲ့ပြီ။ မျက်လုံး‌‌တွေမှိတ်ချပစ်တော့ ဧရာ၀တီမြစ်ရေစီးသံကိုကျယ်လောင်စွာကြားရသလို။

မာန်၀င့်ထည် အိပ်မပျော်နိုင်ပါ။ ပုဂံကိုစရောက်ကတည်းကစ၍ ငါးရက်တင်းတင်းပင်ပြည့်တဲ့အထိ သူနှစ်ခြိုက့်စွာအိပ်မပျော်နိုင်ခဲ့ပါ။ ချစ်ရသူနဲ့တခန်းထဲနီးကပ်စွာနေခွင့်ရသော်လည်း ပိုပြီးခြားသွားသလို ခံစားနေရ၏။ ခံပြင်းရပါသည်..။

ကံ ကိုဘဲအပြစ်တင်ရမလို၊ မဆင်မခြင်မှားယွင်းခဲ့မိတဲ့ သူ့ကိုသူဘဲ အပြစ်တင်ရမလိုနဲ့ စိတ်တို့ဟာဟိုလွင့်၊ ဒီလွင့်...။ သော်လေးလက်ကိုဆွဲပြီး အဝေးသို့သာထွက်ပြေးချင်မိ၏။ ရူးမိုက်ပလိုက်ချင်သည် သို့သော် သော်လေး..။

ဒီကလေးကို မထိခိုက်စေချင်ပါ... တချိန်ချိန်မှာအဖြစ်မှန်တွေသိရင် သူ့ကိုမုန်းသွားလိမ့်မယ့်ဖြစ်ခြင်း...။

"ကိုကို... အိပ်မပျော်လို့လားဟင်"

သော်လေးရဲ့ အိပ်ချင်မူးတူးအသံလေး..။ မျက်လုံးလေးပွတ်ကာ‌ထွက်လာသောကလေးငယ်ဟာ အဖြူရောင်ညအိပ်၀တ်စုံလေးထဲတွင် မြုပ်လို့နေသယောင်။

"အင်း... အိပ်မပျော်လို့"

ငါးရက်လုံးလုံး မင်းမျက်နှာကိုကြည့်ရင်း မိုးလင်းခဲ့တယ် ဆိုတဲ့အကြောင်းကိုတော့ မပြောဖြစ်တော့။

သော်လေးက သူနဲ့အတူ ၀ရန်တာဘက်ထွက်ရပ်ရင်း ကောင်းကင်ယံသို့မော့ကြည့်၏။ ပင့်သက်ရှိုက်လိုက်ပုံလဲ ရသည်။

"အမယွန်းက လှတယ်နော်"

‌မှောင်မှိတ်နေတဲ့ကောင်းကင်ကိုငေးရင်း သော်လေးက ခပ်ဆဆပြော၏။ မောင်ရင်ဆိုင်းတန်းကြယ်သည် ခုနှစ်စင်ကြယ်နဲ့အပြိုင် လင်းလက်လို့နေခဲ့ပြီ။

"အင်း"

ကိုကိုက ခပ်ဖြည်းဖြည်းထောက်ခံ၏။ သော်လေးမျက်၀န်းထဲ ယွန်းရဲ့ကိုယ်ဟန်နွဲ့နွဲ့အားမြင်ယောင်ကာ သိမ်ငယ်ရပါသည်။ ကိုကိုတွဲဖူးသမျှအမျိုးသမီးထဲတွင် ယွန်း အလှဆုံးလို့ သော်လေးလက်ခံရပါသည်... အို အားကျမိတာပါလေ။

အမုန်းတရားတို့၏မာယာ (Completed)Where stories live. Discover now