ဆောင်းနှောင်းလေတို့က အိမ်ကြီးထဲထိ ခပ်သောသော၀င်ရောက်တိုက်ခတ်လို့နေ၏။ ကိုကိုနဲ့မျက်နှာချင်းပင်မဆိုင်ချင်ပေမဲ့ ဖေဖေက မနက်မုန့်စားချိန်မှာ လူစုံပါမှကြိုက်တာမို့ မလွှဲရှောင်သာ...။
ဖေဖေဟာ နိုင်ငံရေးလောကက အနားယူပြီးကတည်းက ကုမ္ပဏီတွေ တစ်ခုပြီးတစ်ခုထောင်နိုင်ခဲ့၏။ နိုင်ငံတစ်နိုင်ငံ၏၀န်ကြီးချုပ်၏လစာသည် မည်မျှများပါသနည်း။
သေချာတာတော့ ဖေဖေဟာ နိုင်ငံရေးကို အရင်းပြုကာဆယ်သက်စားမကုန်သောစည်းစိမ်ကိုပိုင်ဆိုင်ခဲ့ခြင်းသာ..။ ဒါကလဲ သိပ်တော့အံ့ဩစရာတော့မရှိလှပါ။ ထိုရာထူးသည် ကိုကို့၏လူသတ်မှုကိုပင် ဖုံးကွယ်ပေးနိုင်လောက်အောင် ကြီးမားခဲ့တာဘဲမို့။
ဒါပေမဲ့ ဖေဖေသည် နိုင်ငံရေးလောကက အနားယူခဲ့ပြီဟုဆိုသော်လည်း ခုချိန်ထိ တခါတရံ နေပြည်တော်သို့သွားရောက်ကာ နိုင်ငံရေးသမားတွေနှင့် တွေ့နေရတုန်း..။ ထိုအခါမျိုးတွေတွင် မေမေလဲ လိုက်ပါသွားတတ်၏။
ထမင်းစားခန်းထဲသို့ ၀င်လာမိခိုက် ကိုကို့အကြည့်တွေနဲ့ တည့်တည့်တိုး၏။ မမြင်ချင်တာမို့ မျက်နှာလွှဲလိုက်မိသော်လည်း သော်လေးထိုင်ရမည့်နေရာဟာ ကိုကို့ရဲ့ဘေးခုံတွင်သာ..။
မာန်၀င့်ထည်က ဘေးနားမှာလာကပ်ထိုင်ရင်း သူ့ဆီ တချက်ကလေးတောင် အကြည့်ရောက်မလာသော သော်လေးကြောင့် မနေနိုင်၊ မထိုင်နိုင်ဖြစ်နေရ၏။ မုန့်စားနေချိန်တစ်လျှောက်လုံး မာန်၀င့်ထည်၏အကြည့်တို့သည် သော်လေးထံတွင်သာ ဝေ့လည်လို့နေမိခဲ့ရသည်။
ဦးမာန်ကျော့ရှိန်ကလဲ မာန်၀င့်ထည်ရဲ့မငြိမ်မသက်ပုံစံကို မျက်မှန်ထူထူအောက်ကနေ အကဲခတ်နေမိ၏။
"ကျွန်တော် ကျောင်းသွားပါတော့မယ်ဗျ"
သော်လေးက မေမေ့ပါးကို လှစ်ခနဲနမ်း၏။ ဖေဖေကတော့ သော်လေးကို အမြဲအေးစက်နေသောမျက်လုံးတွေနှင့် ကြည့်တတ်သူမို့ သော်လေးက အမြဲခပ်ခွာခွာနေမိခဲ့သည်။
"ကိုကို လိုက်ပို့ပေးမယ်"
ကိုကိုကပါ ဝုန်းခနဲထရပ်တာမို့ သော်လေးကလှည့်ထွက်မဲ့ခြေလှမ်းတို့ကို ရပ်လိုက်မိ၏။
ESTÁS LEYENDO
အမုန်းတရားတို့၏မာယာ (Completed)
Fantasía၀န်ကြီးချုပ်တစ်ယောက်ရဲ့သားဖြစ်တာမို့ဆိုးချင်တိုင်းဆိုးနေတဲ့သူဠေးသားလေးနဲ့ အဲ့သူဠေးသားလေးရဲ့ကားဘီးတွေအောက်သေသွားခဲ့ရတဲ့မိန်းမတစ်ယောက်ရဲ့မျက်မမြင်သားငယ်လေး၊ သူတို့နှစ်ယောက်ကြားကအမုန်းတွေကနေ တဖြည်းဖြည်းအချစ်ဆီကို ကူးပြောင်းလာတဲ့ပုံကိုရေးသားထားတာပါရှင...