အပိုင်း(၃၇)

5.5K 293 7
                                    

ပန်းဥယျာဉ်ထဲမှာမို့ ‌ဆောင်းလေတို့ဟာ အပင်တွေကိုပါတိုးဝှေ့တိုက်ခတ်နေခဲ့တာမို့ စိမ့်အေးလို့နေခဲ့၏။ အကြိုက်ဆုံး‌ဆောင်းရာသီလဲဖြစ်ပြီး  သီချင်းတွေထဲမှာပင်ထည့်၍သီကုံးရလေ့ရှိသည့်ဒီဇင်ဘာလသည် နှစ်တစ်နှစ်ရဲ့လတွေထဲမှာ သော်လေးအကြိုက်ဆုံးလဖြစ်ရပြန်သည်။

🎼 အပြင်မှာနှင်းတွေကျဆင်းလို့‌နေပြီ...အိမ်မက်ဟောင်းငယ်ရင်ထဲရောက်လာသည်...ငါမလိုချင်သောနာရီများ...လွန်ဆန်ချင်နေလည်း မျှော်လင့်ခြင်းတွေငါမုန်းလိုက်ချင်ပြီ...ဒီလိုညတွေကုန်ဆုံးလိုက်ချင်ပြီ 🎼

ပန်းပင်တွေကို လိုက်ကြည့်ရင်း သော်လေးက ခပ်တိုးတိုးသီချင်းညည်းနေမိ၏။ ဒီသီချင်းသည် ဒီဇင်ဘာလနဲ့အလိုက်ဖက်ဆုံးလို့ ထင်မိ၏။ ပြီးတော့ ဒီသီချင်းဆိုတိုင်း ရင်ထဲမှာခပ်ဆွေးဆွေးခံစားမိရသလို။

🎼 မြူမှုန်တွေရဲ့ခြေသံလေး... နင်ပြန်မလာတော့ဘူးလား ... ဒီဇင်ဘာညအဖြူရောင်မြူနှင်းကြားမှာ...အတူဆုံနေကြ ဒီလို 🎼

"ပြန်လာပြီလေ"

ဆွယ်တာထပ်ထားသော သော်လေးရဲ့ခါးသိမ်သိမ်လေးကို ‌နောက်ကနေသိမ်းကျူံးဖက်ခံရခြင်းနဲ့အတူ နားထဲသို့၀င်ရောက်လာသော ကိုကို့ရဲ့ရယ်ကျဲကျဲအသံ။ နားသယ်စကိုပင် ဖျက်ခနဲနမ်းရှုံ့ခြင်း ခံလိုက်သေးတာမို့...

"ကိုကို!"

အမြန်ရုန်းကန်ရင်း တစ်လှမ်းစာနောက်ဆုတ်ကာ အလန့်တကြားအော်လိုက်မိ၏။

မာန်၀င့်ထည်က သော်လေးရဲ့လှုပ်ရှားမှုနဲ့ မျက်လုံးဝိုင်းစက်လေးကိုကြည့်ရင်း သဘောကျစွာရီမိရင်း

"ဗျာ"

"အိမ်ကလူကြီးတွေမြင်ရင် ဘယ်လိုလုပ်မလဲကိုကိုရ"

တစ်လနီးပါးကြာမြှင့်ခဲ့တဲ့ သူတို့ရဲ့ဆက်နွယ်မှုလေးကို အိမ်ရဲ့ဘယ်လူကြီးကိုမှအသိမပေးရသေးခဲ့။ မာန်၀င့်ထည်က ဘယ်သူ့ကိုမှဂရုမစိုက်ချင်ပေမဲ့ သော်လေးအတွက်ပြောပြချင်ခဲ့၏။ သို့သော် သော်လေးကအပြောမခံ။

အမုန်းတရားတို့၏မာယာ (Completed)Onde histórias criam vida. Descubra agora