ကုတင်ပေါ်မှာလှဲနေရင်း မှန်ပြတင်းပေါ်လာရောက်ကပ်နေတဲ့ရေစက်လေးကို ဗလာမျက်လုံးတို့ဖြင့်ငေးနေမိခဲ့၏။ အိပ်ခန်းတစ်ခုလုံးမှောင်မိုက်လို့နေခဲ့သည်။
တစ်ချက်တစ်ချက်ဖျက်ခနဲလင်းလာတဲ့ လျှပ်စီးတန်းသည် ကြောက်မက်ဖွယ်ရာ။ မိုးသံတို့ကလဲ တဝုန်းဝုန်းနဲ့ကျယ်လောင်လို့နေ၏။
ကောင်းသန့်ကို လှမ်းကြည့်မိတော့ နှစ်နှစ်ခြိုက့်ခြိုက့်အိပ်ပျော်လို့နေရုံမက လူပင် ကုတင်ပေါ်မှာတစ်ပါတ်လဲလို့နေလေပြီ။ သော်လေးမှာတော့ အိပ်မပျော်နိုင်၊ ဒီလိုညမျိုးတွေမှာ အိပ်လို့မပျော်ပါ။ အိပ်နေရင်းကပင် လန့်နိုးတတ်သေး၏။
အရက်နံ့ပြင်းပြင်းကိုရ၏။ အမေ့ကို ကောင်မ လို့သုံးလိုက်တဲ့ လူယုတ်မာတစ်ယောက်ရဲ့အသံကို ပြန်ကြားယောင်၏။ သော်လေးကိုပွေ့ဖက်ထားခဲ့သော အမေ့ရဲ့တုန်ရီရီလက်တွေ...။
အမေဟာ သိပ်သနားဖို့ကောင်းတာဘဲ။ လောကရဲ့မတရားမှုမှန်သမျှကို သိမ်းကျူံးခံခဲ့ရရှာတာ။
အကြွေးမဆပ်နိုင်လို့ ဆဲရေတိုင်းထွာခံရတဲ့အမေ။
ကာကွယ်ပေးမဲ့လင်သားမရှိလို့ မတရားပြုကျင့်ခံခဲ့ရရှာတဲ့အမေ။
ဆင်းရဲလို့ ကိုယ့်ကိုသတ်တဲ့လူသတ်မှုမှာတောင် အမှုမှန်မပေါ်ပေါက်နိုင်ခဲ့ရတဲ့အမေ။
ခုချိန်တွင် အမေ့ရဲ့ဝိညာဉ်လေးဟာ တစ်နေရာမှာ ငိုကြွေးနေရှာရော့မလား။
အမေ့ကို သနားမိလိုက်တာ။ အမေ့အတွက်ရင်နာလိုက်ရတာဆိုတာများလေ...။
... 🖤 ...
ပန်းခြံက ခုံတန်းလေးပေါ်မှာ ထိုင်နေမိတာဘယ်လောက်ကြာခဲ့လဲမသိပေ။ တိုက်ခတ်လာသောမုတ်သုန်လေကြောင့် လူကပင်အေးစက်စက်ဖြစ်ချင်လာ၏။ ခရေပန်းရနံ့ကတစ်ခြံလုံးသင်းပျံ့၏။
ဘုရားတင်ဖို့ဆိုပြီး လိုက်ကောက်ဖူးသော ကလေးငယ်ကို သတိရမိ၏။ ကိုကို ဆိုတဲ့အသံလေးမကြားရတာ သုံးလပင်တိုင်ခဲ့ပြီ။
ဒီသုံးလအတွင်း သော်လေးတို့ဘော်ဒါကျောင်းနား သူ့ကားလေးရောက်ခဲ့ရတာဘယ်နှကြိမ်မှန်းမသိတော့။ လွမ်းတိုင်းသွားမိသည်။ မိုးတွေရွာလဲသွား၏။ လေတို့ခပ်ကြမ်းကြမ်းတ်ိုက်လဲသွား၏။

KAMU SEDANG MEMBACA
အမုန်းတရားတို့၏မာယာ (Completed)
Fantasi၀န်ကြီးချုပ်တစ်ယောက်ရဲ့သားဖြစ်တာမို့ဆိုးချင်တိုင်းဆိုးနေတဲ့သူဠေးသားလေးနဲ့ အဲ့သူဠေးသားလေးရဲ့ကားဘီးတွေအောက်သေသွားခဲ့ရတဲ့မိန်းမတစ်ယောက်ရဲ့မျက်မမြင်သားငယ်လေး၊ သူတို့နှစ်ယောက်ကြားကအမုန်းတွေကနေ တဖြည်းဖြည်းအချစ်ဆီကို ကူးပြောင်းလာတဲ့ပုံကိုရေးသားထားတာပါရှင...